မိုင်းခတ်မြို့နယ် ထွေအုပ် မှ ဝန်ထမ်း(၂)ဦး ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်

မိုင်းခတ်မြို့နယ် ထွေအုပ် မှ ဝန်ထမ်း(၂)ဦး ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်
မတ် 10, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး ပြည်သူဘက်က ရပ်တည်ကာ CDM တွင် ပူးပေါင်း ပါဝင်လိုက်ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေးများ ဖြစ်သည့် ဦးချစ်မောင်မောင် နှင့် ဦးအာထေ တို့သည် ဌာနအကြီးအကဲ နှင့် ဌာနအပါအဝင် လုပ်ဖော်ကိုင်ဖက်များကို မထီမဲ့မြင် ပြုလုပ်ခြင်း မဟုတ်သလို အလုပ်မှ နှုတ်ထွက်ခြင်းလည်း မဟုတ်ဘဲ ပြည်သူ့ဝန်ထမ်းဖြစ်သည်နှင့်အညီ လက်မခံနိုင်သော လက်ရှိနိုင်ငံရေး အခြေအနေကြောင့် ပြည်သူနှင့်အတူ တစ်သားတည်း ရပ်တည်ကာ CDM အား မိမိဆန္ဒအရ လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် CDM လုပ်ဆောင်သည့်  ဝန်ထမ်းအရေအတွက်မှာ   မိုင်းခတ်မြို့နယ် မှ (၂)ဦး အပါအဝင် မိုင်းယောင်းမြို့နယ်မှ (၅)ဦး စုစုပေါင်း (၇)ဦးအထိ ရှိသည်ကို လတ်တလော သိထားရသည်။

မိုင်းခတ်မြို့နယ်တွင် ပြည်သူဘက်က ရပ်တည်ကာ CDM လုပ်ဆောင်သည့် ဌာနများအလိုက် စုစုပေါင်း (၄၀)ကျော်ရှိပြီး (၄၀)ကျော်ထဲတွင် CDM လုပ်ဆောင်နေသည့် ပညာရေးဝန်ထမ်း အရေအတွက် မပါသေးကြောင်း သိရသည်။



Tachileik News Agency