တာချီလိတ်တွင် ညမထွက်ရ အမိန့်ချိုးဖောက်သူ (၄)ဦးကို ထပ်မံ ဖမ်းမိ

တာချီလိတ်တွင် ညမထွက်ရ အမိန့်ချိုးဖောက်သူ (၄)ဦးကို ထပ်မံ ဖမ်းမိ
ဧပြီ 24, 2020
By Tachileik News Agency
တာချီလိတ်တွင် ညမထွက်ရ အမိန့်ချိုးဖောက်သူ (၄)ဦးကို ထပ်မံ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ (၄)ဦးကို  ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ ညပိုင်းကင်းလှည့် စစ်ဆေးချိန်တွင် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

“ဒီနေ့လည်း ထပ်ဖမ်းမိတယ်။ မကာဟိုခမ်း (၃)ယောက်၊ မယ်ခေါင် (၁)ယောက် ဖမ်းမိထားတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးချမ်းမြေ့စောက ည (၁၂)ခွဲအချိန်တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေနှင့် ကျိုင်းလပ်အပါအဝင် တာချီလိတ်မြို့နယ်အတွင်း ည (၁၀)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်မထွက်ရန် ဧပြီလ (၂၀)ရက်နေ့က စတင်ချိန်မှစ၍ ရပ်ကွက်အလိုက် စစ်ဆေးရေးအဖွဲ့များ၊ လှည့်လည်ကြီးကြပ်သည့် အဖွဲ့များဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

“အခုထိတော့ စခန်းကို (၃)ယောက်ရောက်လာပြီ။ ဘယ်နှစ်ယောက် ဖမ်းမိမလဲတော့ မသိသေးဘူး”ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ည (၁၁)နာရီခွဲကျော်တွင် ပြောသည်။

ယင်းကဲ့သို့ လှည့်လည်စစ်ဆေးရာတွင် ဧပြီလ (၂၂)ရက်နေ့ ညပိုင်းက အမျိုးသား (၄)ဦးကို ဖမ်းမိခဲ့၍ ဧပြီလ (၂၃)ရက်နေ့၌ ထောင်ဒဏ် (၃)လစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း COVID 19 ကာကွယ်ရေးအတွက်  တာဝန်ပေးထားသူများ၊ လူနာနှင့် ကုန်တင်ယာဉ်များမှလွဲ၍ ည (၁၀)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်ထွက် သွားလာခွင့်မရှိကြောင်းနှင့် ချိုးဖေါက်သူများကို ပုဒ်မ ၁၈၈ ဖြင့် ခြွင်းချက်မရှိ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - Oake Hla Ngel, Nickchaporn Sarakarttoe


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~