မိုင်းဆတ်မြို့ရှိ ဈေးအတွင်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ စားသုံးရန် မသင့် အေးခဲသားငါးများ ရောင်းချခြင်း မရှိစေရေးအတွက် စစ်ဆေး

မိုင်းဆတ်မြို့ရှိ ဈေးအတွင်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ စားသုံးရန် မသင့် အေးခဲသားငါးများ ရောင်းချခြင်း မရှိစေရေးအတွက် စစ်ဆေး
မတ် 5, 2020
By Tachileik News Agency
မိုင်းဆတ်မြို့ရှိ ဈေးအတွင်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ စားသုံးရန် မသင့် အေးခဲသားငါးများ ရောင်းချခြင်း မရှိစေရေးအတွက်  စစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ စားသုံးရန် မသင့် အေးခဲသားငါးများ ရောင်းချခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့၌ မြို့မဈေးအတွင်း စစ်ဆေးကြောင်း သိရသည်။

ဒီမှာက တောကောင်အသားရောင်းတာမျိုးတော့ မတွေ့ပါဘူး။ ထိုင်းဘက်က ကြက်သား၊ ငါးနဲ့ အသားချောင်းတို့လိုမျိုးကို တာချီလိတ်ဘက်ကနေ ယူရောင်းတာတွေရှိတယ်။ အေးခဲအသားတွေဆိုတော့ ဒိတ်လွန်တာတွေ ရှိလားစစ်တယ်။ အခုစစ်သလောက်တော့ မျက်မြင်ကတော့ Expire Date ဖြစ်နေတာမျိုးတော့ မရှိဘူး။ အေးခဲအသားတင်သွင်းထားတဲ့ ငါးနဲ့ ကြက်သားကိုတော့ ဓါတ်ခွဲခန်းနမူနာယူလာပြီး ပို့စစ်ဖို့ လုပ်ထားတယ်။ မြို့ထဲဆိုင်တစ်ဆိုင်က CP ကြက်ပုံစံမျိုး ကြက်နှစ်ကောင်ကတော့ ဒိတ်လွန်နေပြီမို့ ရောင်းချဖို့ မသင့်တဲ့အနေအထားမို့ သိမ်းလာပြီးတော့ မီးရှို့ဖျက်ဆီးထားပါတယ်

ဟု မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဆတ်မြို့တွင် အမဲ၊ ဝက်နှင့် ဆိတ် အသားထုတ်လုပ်မှုအတွက် သားသတ်လိုင်စင်ရယူ လုပ်ကိုင်ခွင့်ဖြင့် ထုတ်လုပ်ရောင်းချမှုများရှိသော်လည်း ထိုင်းနိုင်ငံမှ ကြက်၊ ငါးနှင့် အသားချောင်း၊ အသားလုံး စသည်များကို တာချီလိတ်မှတစ်ဆင့် တင်သွင်းရောင်းချမှုများရှိသဖြင့် အေးခဲအသားများ ရောင်းချမှုနှင့်ပတ်သက်၍ ဈေးသည်များကို အသိပညာပေးမှုများလည်း ပြုလုပ်ထားကြောင်း သိရသည်။

ဒေသတွင်း၌ အသားငါးများမှတစ်ဆင့် လူသို့ရောဂါကူးစက်မှုမဖြစ်စေရေးအတွက် မြို့နယ်တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ တရားမဝင် တင်သွင်း/တင်ပို့ခြင်း တားဆီးကာကွယ်ရေးအဖွဲ့ဖြင့် ဈေးအတွင်း စစ်ဆေးကြပ်မတ်ခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မိုင်းဆတ် စည်ပင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~