ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဥ်ရပ်နားစခန်းမှ ယာဉ်လိုင်းပိုင်ရှင်များ နှင့် ယာဉ်မောင်းများအား ယာဉ်/လမ်းဆိုင်ရာ အသိပညာပေး

ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဥ်ရပ်နားစခန်းမှ ယာဉ်လိုင်းပိုင်ရှင်များ နှင့် ယာဉ်မောင်းများအား ယာဉ်/လမ်းဆိုင်ရာ အသိပညာပေး
ဇန်နဝါရီ 12, 2020
By Tachileik News Agency

ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဥ်ရပ်နားစခန်းမှ ယာဉ်လိုင်းပိုင်ရှင်များ နှင့် ယာဉ်မောင်းများအား ယာဉ်/လမ်းဆိုင်ရာ အသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဥ်ရပ်နားစခန်းတွင် ယာဉ်အသင်း ပိုင်ရှင်များနှင့် ယာဉ်မောင်း/အကူများအား ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေးမှုအဖြစ် ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြသည်။

အသိပညာပေးမှုနှင့်အတူ စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး(၂) ဦးအောင်မိုး နှင့် ဝန်ထမ်းများ၊  အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းဇော်ဟန်  နှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့က အသိပညာ ပေးခဲ့ကြခြင်း ဖြစ်သည်။



ယန်းခမ်းအဝေးပြေးယာဥ်ရပ်နားစခန်းရှိ ယာဉ်အသင်းပိုင်ရှင်များ၊ ဂိတ်မှူးများ နှင့် ဂိတ်စာရေးများ၊ ယာဉ်မောင်း နှင့် ယာဉ်အကူများအနေဖြင့် ယာဉ်/လမ်းစည်းကမ်းများကို ပိုမိုသိရှိကာ သတိပြုနိုင်ရန်အတွက် အသိပညာပေးခြင်း နှင့်အတူ လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။


အသိပညာပေး ဟောပြောသည့် အဓိက အကြောင်းအရာများမှာ ယာဉ်မထွက်ခွာမီတွင် ယာဉ်ပေါ်ရှိ အရေးပေါ် ထွက်ပေါက်များ၊ မီးသတ်ဆေးဗူးနှင့် မှန်ခွဲရန် တူ/ပုဆိန်များ အသုံးပြုမှုကို ခရီးသွားပြည်သူများမှ သိရှိနိုင်ရန်အတွက် သရုပ်ပြပညာပေးပြီးမှ ယာဉ်ထွက်ရန် နှင့် ခရီးသည်တင်ယာဉ်များတွင် သတ်မှတ်ခရီးသည် ဦးရေအတိုင်းသာ တင်ဆောင်ရမည်ဖြစ်ပြီး သတ်မှတ်အချိန် သတ်မှတ်ခရီးစဉ်အတိုင်းသာ ပြေးသွားရန်အပြင် သတ်မှတ်ယာဉ်စီးခကိုသာ ကောက်ခံရန် အသိပညာပေးခြင်း  ဖြစ်ကြောင်း သိရသည်။  

ကျိုင်းတုံမြို့ရှိယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်းများသည့် ကျိုင်းတုံမှ တာချီလိတ် နှင့် ကျဒိင်းတုံမှ တောင်ကြီး၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းလား၊ မိုင်းပျဉ်းနှင့် မိုင်းယောင်းသို့ အဓိက ပြေးဆွဲကြောင်း သိရှိရသည်။
 

Tachileik News Agency
ဓါတ်ပုံ - ကညန
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~