တာချီလိတ်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားအိမ်ထောင်စုများ နိုင်ငံတော်မှ ထောက်ပံ့ငွေမရပါက တိုင်ကြားနိုင်

တာချီလိတ်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားအိမ်ထောင်စုများ နိုင်ငံတော်မှ ထောက်ပံ့ငွေမရပါက တိုင်ကြားနိုင်
နိုဝင်ဘာ 17, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားအိမ်ထောင်စုများ နိုင်ငံတော်မှ ထောက်ပံ့ငွေမရပါက တိုင်ကြားနိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအနေဖြင့် COVID-19 ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ငွေမရပါက တိုင်ကြားနိုင်ရန်နှင့် ဖြေရှင်းပေးရန် သီးခြားဌာနဖွင့်၍ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်ကပေးတဲ့ ထောက်ပံ့ကြေးတွေကို အမှန်တကယ်ရနိုင်ရဲ့နဲ့ မရတဲ့သူတွေအနေနဲ့ တိုင်ကြားနိုင်ပါတယ်။ ဖြေရှင်းပေးဖို့အတွက် သီးခြားဌာနဖွင့်လှစ်ပေးထားပါတယ်”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ပြောသည်။
COVID 19 ကာလအတွင်း ရောဂါထိန်းချုပ်ရေးအတွက် လူစုလူဝေးမဖြစ်စေရေး ထိန်းချုပ်မှုများ ဆောင်ရွက်ထားရသဖြင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်က ထောက်ပံ့ငွေ ပံ့ပိုးပေးနေခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပေးရာတွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက စိစစ်၍ ပေးနေခြင်းဖြစ်ရာ အမှန်တကယ်ရသင့်သော်လည်း မရသူများကျန်နေပါက တာချီလိတ်မြို့နယ်အတွင်းမှ ပြည်သူများအနေဖြင့် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူနှင်းဖွေး ဖုန်း ၀၉ ၄၅၇၃၆၉၉၄၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~