COVID-19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ နေရာ(၃)နေရာတွင် စည်ပင်က ထားရှိသည့် လက်ဆေးဘေစင် အချို့ ဖျက်ဆီးခံရပြီး လက်ဆေးဆပ်ပြာဗူးများ ခိုးယူခံရ

COVID-19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ နေရာ(၃)နေရာတွင် စည်ပင်က ထားရှိသည့် လက်ဆေးဘေစင် အချို့ ဖျက်ဆီးခံရပြီး လက်ဆေးဆပ်ပြာဗူးများ ခိုးယူခံရ
မတ် 30, 2020
By Tachileik News Agency
COVID-19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ နေရာ(၃)နေရာတွင် စည်ပင်က ထားရှိသည့် လက်ဆေးဘေစင် အချို့ ဖျက်ဆီးခံရပြီး လက်ဆေးဆပ်ပြာဗူးများ ခိုးယူခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် COVID-19 ကူးစက်မှုမရှိ မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အများပြည်သူ အသွားအလာများသည့် နေရာ(၄)နေရာတွင် မည်သူမဆို လက်ဆေးနိုင်ရန် လက်ဆေးဘေစင်များကို မတ်လ(၂၆)ရက်နေ့က ထားရှိပေးထားသော်လည်း မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် ဖျက်ဆီးခံရမှုနှင့်အတူ လက်ဆေးဆပ်ပြာဗူးများ ခိုးယူခံရသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက လူသူ ဖြတ်သန်းသွားလာမှု အများဆုံးဖြစ်သည့် ရှမ်းရိုးမကွင်းရှေ့၊ အထက(တာချီလိတ်)ကျောင်းရှေ့၊ ဘုရင့်နောင်ရင်ပြင်ရှေ့ နှင့် မြို့မဈေးတို့တွင် လက်ဆေးဘေစင်များကို ထားရှိပေးထားခြင်းဖြစ်သည်။

 ရှမ်းရိုးမကွင်းရှေ့တွင် လက်ဆေးဘေစင် (၃)ခု၊ အထက(တာချီလိတ်)ကျောင်းရှေ့တွင် လက်ဆေးဘေစင်(၃)ခု၊ ဘုရင့်နောင်ရင်ပြင်ရှေ့တွင် လက်ဆေးဘေစင်(၃)ခုစီ နှင့် လက်ဆေးဆပ်ပြာဗူးများကိုလည်း (၃)ဗူးစီထားရှိပေးထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ရှမ်းရိုးမကွင်းရှေ့တွင်ထားရှိသည့် ဘေစင်(၃)ခုအနက် (၂)ခုမှာ အောက်ပိုင်း ဖျက်ဆီးခံရပြီး လက်ဆေးဆပ်ပြာ (၃)ဗူးမှာလည်း ခိုးယူခံထားရသည်ကိုတွေ့ရသည်။

အထက(တာချီလိတ်)ကျောင်းရှေ့ရှိ လက်ဆေးဘေစင်တွင်လည်း လက်ဆေးဆပ်ပြာဗူး(၂)ဗူး ခိုးခံထားရပြီး၊ ဘုရင့်နောင်ရင်ပြင်ရှေ့ရှိ လက်ဆေးဘေစင်တွင် လက်ဆေးဆပ်ပြားဗူး(၃)ဗူး ခိုးခံထားရသည်ကို မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရသည်။

ကမ္ဘာအနှံ့ ဖြစ်ပွားနေပြီး ကူးစက်ခံရသူ များပြားလာသည့်အတွက် COVID-19 ရောဂါအား ကာကွယ်မှုများ ပြုလုပ်ရမည့် လုပ်ငန်းစဉ်တွင် လက်ဆေးခြင်းသည် အဓိကဖြစ်၍ အများပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စည်ပင်သာယာရေးဌာနက ထားရှိပေးထားရာ အချို့သောသူများအနေဖြင့် ဖျက်ဆီးခြင်းများ မပြုလုပ်ရန်နှင့် ဒေသတွင်း ပြည်သူများအနေဖြင့်လည်း အဆိုပါ လက်ဆေးဘေစင်များအား နီးစပ်ရာ ကြည့်ရှုစောင့်ရှောက်နိုင်ရန်လည်း သက်ဆိုင်ရာများက မေတ္တာရပ်ခံထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~