တာချီလိတ်မြို့တွင်း မတ်လ(၂၀)ရက်နေ့တွင် မီးခိုးမြူများ ပြန်လည် ဖုံးလွှမ်းလာ

တာချီလိတ်မြို့တွင်း မတ်လ(၂၀)ရက်နေ့တွင် မီးခိုးမြူများ ပြန်လည် ဖုံးလွှမ်းလာ
မတ် 20, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း မတ်လ(၂၀)ရက်နေ့တွင် မီးခိုးမြူများ ပြန်လည် ဖုံးလွှမ်းလာ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်တွင် မတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် မီးခိုးမြူများ ပြန်လည်၍ ဖုံးလွှမ်းလာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်ရက်က မီးခုံးမြူဖုံးလွှမ်းမှူများ လျော့နည်းသွားသော်လည်း မတ်လ(၂၀)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်အထိ မီးခိုးမြူများ သိသိသာသာ ဖုံးလွှမ်းနေသည် ဖြစ်သည်။

တာချီလိတ်နည်းတူ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်လည်း ဖုံးလွှမ်းနေသည့်အတွက် မယ်ဆိုင်မြို့၏ လေထုအရည်အသွေးတိုင်းတာချက်မှာ Hazardous(၄၆၂)ကို ရောက်ရှိနေ၍ နီညိုရောင်အဆင့်ကို ရောက်ရှိနေသည်ကို တွေ့ရသည်။

မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက် တောင်ယာမီး တောမီးရှို့မှုများကြောင့် နှစ်စဉ် နွေရာသီကာလများတွင် တာချီလိတ် နှင့် မယ်ဆိုင်မြို့အတွင်း မီးခိုးမြူများ ဖုံးလွှမ်းလေ့ရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~