COVID 19 ကာကွယ်ရေးကာလအတွင်း တာချီလိတ်မြို့မီးလင်းရေးကော်မတီက မီတာခပေးဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ ဖြေလျော့ပေးထား

COVID 19 ကာကွယ်ရေးကာလအတွင်း တာချီလိတ်မြို့မီးလင်းရေးကော်မတီက မီတာခပေးဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ ဖြေလျော့ပေးထား
မတ် 27, 2020
By Tachileik News Agency
COVID 19 ကာကွယ်ရေးကာလအတွင်း တာချီလိတ်မြို့မီးလင်းရေးကော်မတီက မီတာခပေးဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ ဖြေလျော့ပေးထား

တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေး လုပ်နေရသည့် ကာလအတွင်း လျှပ်စစ်မီတာခပေးဆောင်ရမည့် နောက်ဆုံးရက် မသတ်မှတ်တော့ဘဲ အဆင်ပြေသည့်နေ့တွင် ပေးသွင်းနိုင်ရန် စီစဉ်ပေးထားပြီး မီတာခပေးဆောင်မှု နောက်ကျပါက လျှပ်စစ်မီတာ ယာယီဖြတ်တောက်တော့မည်မဟုတ်ဘဲ ဖြေလျော့ပေးထားမည်ဖြစ်ကြောင်း  မြို့မီးလင်းရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။

" အရင်တုန်းကတော့ သတ်မှတ်ရက်ကျော်သွားရင် မီးဖြတ်တောက်လိုက်ပြီး လာဆောင်ပြီးနောက်တစ်နေ့ (၉)နာရီမှ မီးပြန်လွှတ်ပေးတာပေါ့။ လောလောဆယ်တော့ COVID 19 ကြောင့် လူတွေလည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျရင်လည်း ကျမှာပေါ့လေ။ အဲဒါကြောင့် လောလောဆယ် ဒီလိုလုပ်ပေးထားတာပါ"ဟု မြို့မီးလင်းရေးကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း) ဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းအပြင် မြို့မီးလင်းရေးကော်မတီရုံးမှ ဝန်ထမ်းများ COVID 19 ကာလ နေအိမ်တွင် နေထိုင်နိုင်စေရန်အတွက် ဧပြီလ (၁) ရက်နေ့မှ (၁၉) ရက်နေ့ထိ ရုံးခေတ္တပိတ်ထားမည်ဖြစ်ရာ မီတာခပေးဆောင်မည့်သူများအနေဖြင့် ဧပြီလ(၂၀)ရက်နေ့မှစ၍ ပေးဆောင်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

"မီတာခလာဆောင်တဲ့အခါမှာလည်း ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်းပဲ ရောဂါမကူးစက်နိုင်အောင် တစ်ဦးနဲ့တစ်ဦး သုံးပေအကွာ နေနိုင်အောင် စီစဉ်ပေးထားပါတယ်။ နောက် ဝန်ထမ်းတွေရော၊ လာရောက်တဲ့သူတွေရော ကျန်းမာရေးအရ အကာအကွယ်ဖြစ်စေတာတွေ အားလုံးလုပ်ပေးထားပါတယ်"ဟု မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က ပြောသည်။

တာချီလိတ်မြို့တွင် မီးလင်းရေးကော်မတီနှင့် မီးလင်းရေးရုံးခွဲတို့က လျှပ်စစ်မီးဖြန့်ဖြူးပေးနေခြင်းဖြစ်ရာ ယခုဖြေလျော့ချက်များမှာ ရီဂျီနားဟိုတယ်အနောက်လမ်းရှိ မီးလင်းရေးရုံးတွင် မီတာခပေးဆောင်ရသူများအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်မြို့မီးလင်းရေးရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~