ဈေးကွက်အတွင်း ရောင်းချနေသည့် အလှကုန်နှစ်မျိုးတွင် အန္တရာယ်ရှိ ဓါတုပစ္စည်း ပါဝင်ကြောင်း FDA ထုတ်ပြန်

ဈေးကွက်အတွင်း ရောင်းချနေသည့် အလှကုန်နှစ်မျိုးတွင် အန္တရာယ်ရှိ ဓါတုပစ္စည်း ပါဝင်ကြောင်း FDA ထုတ်ပြန်
ဒီဇင်ဘာ 15, 2019
By Tachileik News Agency
ဈေးကွက်အတွင်း ရောင်းချနေသည့် အလှကုန်နှစ်မျိုးတွင် အန္တရာယ်ရှိ ဓါတုပစ္စည်း ပါဝင်ကြောင်း 
FDA ထုတ်ပြန်

ကျန်းမာရေးအတွက် အန္တရာယ်ရှိဓါတုပစ္စည်းပါဝင်သော အလှကုန်ပစ္စည်းနှစ်မျိုးကို ဈေးကွက်အတွင်း တွေ့ရကြောင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် FDA က ကြေညာထားရာ၌ သုံးစွဲရန်မသင့်ကြောင်း အောက်တိုဘာလက ကြေညာထားသည့် အလှကုန်တစ်မျိုး ပြန်လည်ပါဝင်လာသည်ကို တွေ့ရသည်။

တင်းတိပ်၊ ဝက်ခြံ၊ အမဲစက်၊ အမာရွတ်ပျောက်ကင်းသည်ဟု ဈေးကွက်တွင် ကြေညာရောင်းချနေသည့် ထုတ်လုပ်သည့်နိုင်ငံ၊ ကုမ္ပဏီဖေါ်ပြထားခြင်းမရှိသည့် CAIYLIN အမှတ်တံဆိပ် Whitening Spot Removing Sheme Suit Birds News နှင့် ထိုင်းနိုင်ငံ M.Y.8 Manufactureing Co.,Ltd.,က ထုတ်လုပ်သည့် Polla အမှတ်တံဆိပ် Smooth Whitening Face Cream တို့တွင် Mercury (+)များ စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း FDA က သတင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ကုန်နှစ်မျိုးအနက် တင်းတိပ်၊ ဝက်ခြံ၊ အမဲစက်၊ အမာရွတ်ပျောက်ကင်းသည်ဟု ဈေးကွက်တွင် ကြေညာရောင်းချနေသည့် CAIYLIN အမှတ်တံဆိပ် Whitening Spot Removing Sheme Suit Birds News မှာ သုံးစွဲရန်မသင့်ကြောင်း အောက်တိုဘာလအတွင်းက ကြေညာထားခြင်းဖြစ်သည်။

ဓါတုပစ္စည်းတစ်မျိုးဖြစ်သည့် Mercury (+) သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်တွင်းစုပ်ယူသဖြင့် ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းတို့အပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များအနေဖြင့် FDA တွင် မှတ်တမ်းတင်ထားခြင်းမရှိသော အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၊ အပိုဒ်(၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဟု FDA ကြေညာချက်တွင် ဖေါ်ပြသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~