လောင်းကစား ဖမ်းဆီးရေး စီမံချက်ဖြင့် နယ်စပ်ဒေသ မြဝတီမြို့တွင် လောင်းကစားဂိမ်းခုံများ ဖမ်းဆီးရာက လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိ

လောင်းကစား ဖမ်းဆီးရေး စီမံချက်ဖြင့် နယ်စပ်ဒေသ မြဝတီမြို့တွင် လောင်းကစားဂိမ်းခုံများ ဖမ်းဆီးရာက လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိ
မတ် 7, 2020
By Tachileik News Agency

လောင်းကစား ဖမ်းဆီးရေး စီမံချက်ဖြင့် နယ်စပ်ဒေသ မြဝတီမြို့တွင် လောင်းကစားဂိမ်းခုံများ ဖမ်းဆီးရာက လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ မြဝတီမြို့တွင် လောင်းကစားဖမ်းဆီးရေးစီမံချက်အရ လောင်းကစား ဂိမ်းခုံများ နှင့် လက်နက် ခဲယမ်းများကို ၂၀၂၀ခုနှစ် မတ်လ(၇)ရက်နေ့ နံနက်အစောပိုင်းက ဖမ်းဆီးရမိကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မြဝတီမြို့ပေါ် နှင့် ကျေးရွာများအတွင်း လောင်းကစားများ ပြုလုပ်နေကောင်း တိုင်ကြားလာသူများရှိသည့်အတွက် လောင်းကစားဖမ်းဆီးရေးစီမံချက်အရ ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ရာက မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ သစ်တစ်ပင်လမ်းနေ စောဥက္ကာမင်း၏ နေအိမ်အား မတ်လ(၇)ရက်နေ့ နံနက်(၄)နာရီ ဝန်းကျင်အချိန်က ဝင်ရောက် စစ်ဆေးရှာဖွေရာက လောင်းကစားပြုလုပ်သူများနှင့်အတူ လောင်းကစား ဂိမ်းခုံများ နှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က အဆိုပါနေအိမ်မှ စောဥက္ကာမင်း အပါအဝင် လောင်းကစားပြုလုပ်နေသူ (၅)ဦး နှင့် စောဥက္ကာမင်း၏ နေအိမ်အတွင်းထဲက ပစ္စတို (၁)လက်၊ ကျည်(၁၈)တောင့်၊ ကျည်အိမ်(၂)ခု၊ ကာဘိုင်သေနတ် (၂)လက် နှင့် ကျည်(၃၅)တောင့်၊ ကျည်အိမ်(၂)ခု၊ M-22 (၁)လက် နှင့် ကျည်(၂၄)တောင့်၊ တစ်လုံးထိုးသေနတ်(၁)လက်တို့ကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် လောင်းကစား ဂိမ်းစက် (၄)လုံး နှင့် အန်ဂလုံ(၅)ခုံ အပြင် လောင်းကြေးငွေ (၆)သိန်းတို့ကိုလည်း တွေ့ရှိ သိမ်းဆည်းရမိသည်။

တဆက်တည်းမှာပင် ပူးပေါင်းအဖွဲ့၏ အဖွဲ့ခွဲမှ နံနက်(၆)နာရီ ဝန်းကျင်အချိန်က မြဝတီမြို့ မဲကနယ်ကျေးရွာအုပ်စု အေးသုခကျေးရွာ၊ ကျောက်တောင်အမှတ်(၁)လမ်းရှိ ဂိမ်းရုံအား ဝင်ရောက်စစ်ဆေးရှာဖွေရာက ဂိမ်းရုံတာဝန်ခံဖြစ်သူ မန်နေဂျာ ကျော်ကျော်(ခ)ဟော်ကုန်းဖာအား ငါးဂိမ်းခုံ (၅)လုံးကိုလည်း ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။

လက်နက်ခဲယမ်း နှင့် လောင်းကစားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် စောဥက္ကာမင်း အပါအဝင် (၆)ဦး နှနှင့် လောင်းကစား ဂိမ်းခုံများဖြင့် ဖမ်းဆီးရမိသည့် ကျော်ကျော်(ခ)ဟော်ကုန်းဖာ အား သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူရန်အတွက် စီစဉ်နေပြီး စစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~