တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း ရှေးဟောင်းဘုရားများထားရှိသည့် ကျောင်းဆောင် မီးလောင်

တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း ရှေးဟောင်းဘုရားများထားရှိသည့် ကျောင်းဆောင် မီးလောင်

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း နေအိမ်အမှတ်(၃/၁)ရှိ ရှေးဟောင်းဘုရားရုပ်ပွားဆင်းတုတော်များ ကိုးကွယ်ထားရှိသည့် ဘုရားကျောင်းဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၅)နာရီ ဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ရှေးဟောင်းဘုရားဆင်းတုတော်အများအပြား မီးခသွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့်ဖြစ်စဉ်မှာ ဝါယာကြိုးကနေ တဆင့် အပူလွန်ကဲကာ မီးလောင်ကျွမ်းခြင်းဖြစ်သည်ဟု သက်ဆိုင်ရာများက ပြောဆိုထားသော်လည်း  မည်ကဲ့သို့ ဖြစ်စဉ်ကြောင့် မီးလောင်မှုဖြစ်ပွားသည်ကိုတော့ Tachileik News Agency အနေဖြင့် မသိနိုင်သေးပေ။