တာချီလိတ်ခရိုင်အနီး RCSS ၏ လွယ်ကော်ဝမ်းအနီးတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

တာချီလိတ်ခရိုင်အနီး RCSS ၏ လွယ်ကော်ဝမ်းအနီးတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင် (၆၀) ကျော်ဝန်းကျင်အကွာမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ သင်တန်းကျောင်းတည်ရှိရာ လွယ်ကော်ဝမ်းအနီး ကျေးရွာတစ်ခုတွင် ၂၀၂၁ ခုနှစ် ဧပြီလ (၁၈) ရက်နေ့ ညနေပိုင်း၌ အာဏာသိမ်းအဖွဲ့၏ စစ်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ၏ ကျွဲခြံပေါ်ကျရောက်ကြောင်း သိရသည်။



 "လွယ်ကော်ဝမ်းနားလေးက ကျေးရွာတစ်ရွာက ကျွဲခြံပေါ်ကို ကျတယ်။ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ သူတို့ဘက်က လူထွက်ပြေးလို့ လှမ်းပစ်တယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့ဘက်က ဘာမှ မတုန့်ပြန်သေးပါဘူး။"ဟု RCSS/SSA မှ ဗိုလ်မှူးကြီး လွန့်ဆန်က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။



တာချီလိတ်မြို့နှင့် မိုင်(၆၀)ကျော် အကွာ  ထိုင်းနယ်စပ်ရှိ RCSS သင်တန်းကျောင်း လွယ်‌ကော်ဝမ်းအနီးသို့ အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ညနေ (၆) နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် (၃) ချက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။