မတ်လ (၁၆) ရက်နေ့တွင် စတင်သက်ဝင်မည့် လှုပ်ရှားမည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့် ပတ်သက်၍ အသိပေးကမ်ပိန်းကို မကွေးမြို့တွင် ပြုလုပ်နေ

မတ်လ (၁၆) ရက်နေ့တွင် စတင်သက်ဝင်မည့် လှုပ်ရှားမည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့် ပတ်သက်၍ အသိပေးကမ်ပိန်းကို မကွေးမြို့တွင် ပြုလုပ်နေ
မတ် 15, 2020
By Tachileik News Agency
မတ်လ (၁၆) ရက်နေ့တွင် စတင်သက်ဝင်မည့် လှုပ်ရှားမည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ပတ်သက်၍ အသိပေးကမ်ပိန်းကို မကွေးမြို့တွင် ပြုလုပ်နေ

ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖေါ်ပြခြင်း မရှိသည့် ကုန်ပစ္စည်းများ ရောင်းချခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှစတင်၍ အရေးယူတော့မည်ဖြစ်ရာ စားသုံးသူအခွင့်အရေးဆိုင်ရာ ကမ်ပိန်း (၂)ခုကို မကွေးမြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့က ဆောင်ရွက်နေသည်။

 “ဒီနေ့လုပ်တဲ့ပွဲက နှစ်ခုပါ။ ပထမလုပ်တဲ့ပွဲက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ WCRD ကမ်ပိန်းရယ်၊ နောက်တစ်ခုက၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ ၊ အခန်း(၁၈)မှာ ပြဌာန်းထားတဲ့ စီးပွားရေးလုပ် ငန်းရှင်များ လိုက်နာရမယ့် မြန်မာဘာသာနဲ့ ဖော်ပြရမယ့် ပြဌာန်းချက်နဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်း ရှင်များရော စားသုံးသူများပါ သိရှိအောင်ဆိုပြီး လုပ်တဲ့ကမ်ပိန်းပါ”ဟု မကွေးတိုင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်နှင့် ၂၀၂၀ ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် စတင်သက်ရောက်မည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ အရေးယူ ဆောင်ရွက်မည့်အချက်များကို ပြည်သူလူထုသိရှိနိုင်ရေးအတွက် မကွေးတိုင်း စားသုံးသူရေးရာဦးစီးဌာနက မကွေးမြို့၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံအနီး၌ ကမ်ပိန်း ပြုလုပ်နေခြင်းဖြစ်သည်။

စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက မကွေးမြို့၏ အချက်အချာကျရာ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာ လမ်းဆုံအနီး၌ ဗီနိုင်းဆိုင်းဘုတ်များထောင်၍ အသိပညာပေးသီချင်းများဖွင့်ကာ လမ်းသွားလမ်းလာများကို လက်ကမ်းစာစောင်များ ဖြန့်ဝေနေကြခြင်းဖြစ်သည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ကို မြန်မာနိုင်ငံ၌  ၂၀၁၆ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~