လာအိုနယ်စပ် ကျိုင်းလပ်ဒေသခံများက ကြက်ဘဲတင်ပို့ခွင့်နှင့် ဒေသထွက်ကုန်များ အခွန်လျှော့ပေးရန် စီးပွားကူးသန်းဝန်ကြီးထံ တင်ပြ

လာအိုနယ်စပ် ကျိုင်းလပ်ဒေသခံများက ကြက်ဘဲတင်ပို့ခွင့်နှင့် ဒေသထွက်ကုန်များ အခွန်လျှော့ပေးရန် စီးပွားကူးသန်းဝန်ကြီးထံ တင်ပြ
ဇန်နဝါရီ 26, 2020
By Tachileik News Agency
 
လာအိုနယ်စပ် ကျိုင်းလပ်ဒေသခံများက ကြက်ဘဲတင်ပို့ခွင့်နှင့် ဒေသထွက်ကုန်များ အခွန်လျှော့ပေးရန် စီးပွားကူးသန်းဝန်ကြီးထံ တင်ပြ

မြန်မာ - လာအို နယ်စပ်ဒေသ၊ ကျိုင်းလပ်မြို့မှ ဒေသထွက်ကုန်များအား အခွန်လျှော့ပေးရေးနှင့် ကြက်ဘဲများ တင်ပို့ခွင့်ပေးရန် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် လူထုတွေ့ဆုံပွဲ၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ကျိုင်းလပ်ဒေသခံများက တင်ပြထားသည်။

ကျိုင်းလပ်မြို့ အမှတ် (၃) ရပ်ကွက်ရှိ ဝမ်ကျင်းဘုန်းတော်ကြီးကျောင်းတွင် လူထုတွေ့ဆုံပွဲကျင်းပစဉ် ဒေသခံများက ဒေသထွက်ကုန်တွေ အခွန်လျော့ချပေးရန်၊ စိုက်ပျိုးမြေများ ငှားရမ်းစိုက်ပျိုးခွင့်ပေးရန်နှင့် ဒေသထွက် ကြက်၊ ဘဲတွေတင်ပို့ခွင့်ပေးရန် တင်ပြခဲ့ကြခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ရောက်ရှိနေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ဒေသတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၂၆) ရက်နေ့၌ မြန်မာ - လာအို ချစ်ကြည်ရေးတံတား၊ မယ်ယန်းကုန်သွယ်ရေးစခန်း၊ ထိုင်းနိုင်ငံသို့ သစ်အချောထည်တင်ပို့နေသည့် တင်မြင့်ရီသစ်စက်တို့ကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~