တပ်မတော်သား(၁)ဦး အပါအဝင် အတည်ပြုလူနာ (၆)ဦး ထပ်တိုး

တပ်မတော်သား(၁)ဦး အပါအဝင် အတည်ပြုလူနာ (၆)ဦး ထပ်တိုး
မေ 4, 2020
By Tachileik News Agency
တပ်မတော်သား(၁)ဦး အပါအဝင် အတည်ပြုလူနာ (၆)ဦး ထပ်တိုး 

ရန်ကုန်မြို့တွင် အသွားအလာကန့်သတ်ထားသူ (Quarantine) (၅)ဦးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေမှ တပ်မတော်သား (၁)ဦး တို့ကို ၂၀၂၀ ခုနှစ်၊ မေလ (၄)ရက်နေ့တွင် COVID 19 အတည်ပြုလူနာများအဖြစ် ဓါတ်ခွဲစစ်ဆေးတွေ့ရသဖြင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၁၆၁)ဦး ရှိလာပြီဖြစ်သည်။

မေလ (၄)ရက်နေ့တွင်  ဓါတ်ခွဲအတည်ပြုလူနာ (၆)ဦးကို ပြန်လည် ဓါတ်ခွဲစစ်ဆေးရာ ပိုးမတွေ့ကြောင်း အဖြေရရှိသဖြင့် မေလ (၄)ရက်နေ့အထိ  ပြန်လည်ဓါတ်ခွဲစစ်ဆေးသည့် လူနာများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိသူ စုစုပေါင်း (၄၉) ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့အချိန်ထိ အတည်ပြုလူနာများအနက် (၆)ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် COVID 19 ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ဆေးသုတေသနဦးစီးဌာန (DMR)တို့တွင် ဓါတ်ခွဲစစ်ဆေးနေခြင်းဖြစ်ပြီး မေလ (၄)ရက်နေ့က အတည်ပြုလူနာဖြစ်လာသည့် တပ်မတော်သား၏ ဓါတ်ခွဲနမူနာကို နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) ဓာတ်ခွဲဌာနတွင် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~