မူဆယ်မြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်တွင် ပေါက်ကွဲမှုဖြစ်၍ ရဲနှင့်ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရ

မူဆယ်မြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်တွင် ပေါက်ကွဲမှုဖြစ်၍ ရဲနှင့်ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၁၆) ရက်နေ့ ည (၇) နာရီခွဲဝန်းကျင်တွင် စစ်တပ်ပိုင် အင်းဝဘဏ်၌ ပေါက်ကွဲမှုဖြစ်ပွား၍ ဘဏ်လုံခြုံရေးရဲ (၁) ဦးနှင့် ပြည်သူ့စစ် (၁)ဦးတို့ ဒဏ်ရာရသွားကြောင်း သိရသည်။

မူဆယ်မြို့ ဈေးရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေးရှိ အင်းဝဘဏ်ကို ရဲတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးတို့ လုံခြုံရေးယူပေးနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် လက်လုပ်မိုင်းလာပစ်ခြင်းဖြစ်သည်ဟု ရဲကဆိုသော်လည်း သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက်ရရှိထားခြင်းမရှိပါ။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် ဘဏ်လုံခြုံရေးယူထားသူ (၂) ဦးတွင် ဒဏ်ရာအသီးသီးရသွားသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

မူဆယ် အင်းဝဘဏ်တွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့ ညပိုင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။