တာချီလိတ်ရှိ ဟိုတယ်တစ်ခုတွင် တရုတ်နိုင်ငံသူတစ်ဦး ခင်ပွန်းနှင့်စကားများပြီး ဓါးထိုးမှုဖြစ်ပွား

မတ် 6, 2020
By 🌸

တာချီလိတ်ရှိ ဟိုတယ်တစ်ခုတွင် တရုတ်နိုင်ငံသူတစ်ဦး ခင်ပွန်းနှင့်စကားများပြီး  ဓါးထိုးမှုဖြစ်ပွား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဟိုတယ်တစ်ခု၌ တည်းခိုနေသည့် တရုတ်နိုင်ငံသူတစ်ဦး မိမိကိုယ်ကို ဝမ်းဗိုက်ဓါးဖြင့်ထိုးသဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၆) ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်၌ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“သူတို့က တာချီလိတ်ကို EP (Entry Permit) နဲ့ မတ်လ (၂)ရက်နေ့ကတည်းက ဝင်လာပြီး ဟိုတယ်မှာ တည်းနေတာလို့ သိရတယ်။ အမျိုးသမီးက သူ့ကိုယ်သူ ဓါးနဲ့ထိုးလိုက်တာဆိုတာ သူကိုယ်တိုင်လည်း ဝန်ခံတယ်။ လက်မဝက်လောက် ဒဏ်ရာရသွားတာ။ စကားလည်း ကောင်းကောင်းပြောနိုင်ပါတယ်။ မစိုးရိမ်ရပါဘူး။ ကျန်တာတွေကတော့ စစ်ဆေးနေဆဲပဲရှိပါသေးတယ်”

ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံသူ အသက် (၃၁) နှစ်အရွယ် ဂျောင်ဟောင်းရင်သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် ၎င်း၏ အမျိုးသားနှင့်အတူ တည်းခိုနေစဉ် လင်မယားစကားများရန်ဖြစ်ရာမှ မိမိကိုယ်မိမိ ဓားဖြင့် ထိုးသဖြင့် ဝမ်းဗိုက်တွင် လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~