ထိုင်းနိုင်ငံတွင် အများပြည်သူနေရာများ၌ တံတွေးလိုက်ထွေးပြီး ကိုရိုနာဗိုင်းရပ်စ်စစ်ရန် ငြင်းဆန်သည့် တရုတ်အမျိုးသမီးကို ထိန်းသိမ်းကာ ဓါတ်ခွဲနမူနာရယူစစ်ဆေးထား

ထိုင်းနိုင်ငံတွင် အများပြည်သူနေရာများ၌ တံတွေးလိုက်ထွေးပြီး ကိုရိုနာဗိုင်းရပ်စ်စစ်ရန် ငြင်းဆန်သည့် တရုတ်အမျိုးသမီးကို ထိန်းသိမ်းကာ ဓါတ်ခွဲနမူနာရယူစစ်ဆေးထား
မတ် 20, 2020
By 🌸

ထိုင်းနိုင်ငံတွင် အများပြည်သူနေရာများ၌ တံတွေးလိုက်ထွေးပြီး ကိုရိုနာဗိုင်းရပ်စ်စစ်ရန် ငြင်းဆန်သည့် တရုတ်အမျိုးသမီးကို ထိန်းသိမ်းကာ ဓါတ်ခွဲနမူနာရယူစစ်ဆေးထား

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ နေ့စဉ်တိုးလာနေ၍ စိုးရိမ်မှုမြင့်နေသည့် ထိုင်းနိုင်ငံတွင် တရုတ်အမျိုးသမီးတစ်ဦးက ဘတ်စ်ကားနှင့် ရထားထိုင်ခုံများ၌ တံတွေးလိုက်ထွေးနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် ခေါ်ဆောင်သည်ကိုလည်း ငြင်းဆန်သဖြင့် တာဝန်ရှိသူများက ထိန်းသိမ်းပြီး ဓါတ်ခွဲနမူနာရယူ စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ဘန်ကောက် - ဆာရာဘူရီ ဘတ်စ်ကားစီးနင်းလိုက်ပါလာစဉ် ပီကေဝါးပြီး ကြမ်းပြင်တွင်ထွေးသည့်အပြင် ပါးစပ်သုတ်ထားသည့် စက္ကူကိုလည်း ကြမ်းပြင်တွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကားပေါ်တွင် ထိုင်ခုံနေရာများစွာ ရွှေ့ပြောင်းထိုင်ကာ တံတွေးလိုက်ထွေးပြီးမှ ကားပေါ်ကဆင်းသွားသည်ကို ဘတ်စ်ကားလိုင်းက သတိထားမိသွားခြင်းဖြစ်ကြောင်း သိရသည်။

 အဆိုပါအမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် တာဝန်ရှိသူများက ဆေးရုံပို့ရန်ခေါ်သည်ကို ငြင်းဆန်ပြီး တရုတ်နိုင်ငံသို့ (၂)ရက်အတွင်း ပြန်မည်ဟုပြောကာ ထွက်ခွာသွားခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းနှင့်အတူ လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြလာခြင်းဖြစ်သည်။

ယင်းနောက် အဆိုပါ အမျိုးသမီးကို အများပြည်သူစီးနင်းနေသည့် ရထားတွင် တံတွေးထွေးနေသည်ကို တွေ့ရပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆေးရုံသို့ ခေါ်ဆောင်ရန် ကြိုးစားစဉ် တံတွေးဖြင့် ပြန်ထွေးသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့၌ သတင်းဖေါ်ပြလာသည်ကို တွေ့ရသည်။

လက်ရှိတွင် အဆိုပါ အမျိုးသမီးအား ဆေးရုံတွင် ခေါ်ဆောင်ထားကာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: Tunkhao


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~