တာချီလိတ်မြို့ မိုင်းကိုးတွင် တောထဲဝှက်ထားသည့် ဆိုင်ကယ်နှစ်စီးကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိထားသဖြင့် ပိုင်ရှင်များ လာရောက်စုံစမ်းနိုင်

မတ် 5, 2020
By Tachileik News Agency
တာချီလိတ်မြို့ မိုင်းကိုးတွင် တောထဲဝှက်ထားသည့် ဆိုင်ကယ်နှစ်စီးကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိထားသဖြင့် ပိုင်ရှင်များ လာရောက်စုံစမ်းနိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်းတောင်းကျေးရွာအနီး တောစပ်တွင်  ဝှက်ထားသည့် ဆိုင်ကယ်နှစ်စီးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့က သိမ်းဆည်းရမိထားသဖြင့် ဆိုင်ကယ်ပျောက်သူများ ဟောင်လိတ်နယ်မြေရဲကင်းစခန်းသို့ လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။

နံပါတ်ပြားမပါ၊ ဆော့ကဒ်များဖြုတ်ထားသည့် Honda Wave အနီနှင့် အနက်ဆိုင်ကယ် (၁) စီး၊ Honda Wave အပြာနှင့်အနက် ဆိုင်ကယ် (၁) စီးတို့ကို ပန်းတောင်းကျေးရွာအနီး တောစပ်ခြုံများအတွင်း ဝှက်ထားသည်ကို စစ်ဆေးတွေ့ရသဖြင့် ရဲစခန်း၌ ထိန်းသိမ်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ပျောက်သူများအနေဖြင့် မိမိတို့ ဆိုင်ကယ်၏ အထောက်အထားများနှင့်အတူ လာရောက်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~