တာချီလိတ်မြို့ထဲက မိုင်းဆတ် - တာချီလိတ်မြို့ရှောင်လမ်း အတွက် မြေယာပိုင်ရှင်များနှင့်တွေ့ဆုံ

တာချီလိတ်မြို့ထဲက မိုင်းဆတ် - တာချီလိတ်မြို့ရှောင်လမ်း အတွက် မြေယာပိုင်ရှင်များနှင့်တွေ့ဆုံ
သြဂုတ် 14, 2020
By Tachileik News Agency

တာချီလိတ်မြို့ထဲက မိုင်းဆတ် - တာချီလိတ်မြို့ရှောင်လမ်း အတွက် မြေယာပိုင်ရှင်များနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ် - တာချီလိတ် သွားလမ်းဖြစ်သည့် တာချီလိတ်မြို့ ဟွေရဲစစ်ဆေးရေးဂိတ်ဘက်ရှိ မြို့ရှောင်လမ်းအတွက် မြေယာပိုင်ရှင်များကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“မိုင်းဆတ်-တာချီလိတ်လမ်းနဲ့ ပုံလို့လမ်းကို ဆက်သွယ်တဲ့ ဟွေရဲမြို့ရှောင်လမ်းပေါ့။ ၂၀၁၉ ခုနှစ် (၁) လပိုင်း ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်မှာ ဒီလမ်းကိုအဆင့်မြှင့်တင်ဖို့ လမ်းညွှန်ထားတဲ့အတွက် လမ်းနယ်အပြည့်ရစေရေးအတွက် တောင်သူတွေကိုညှိနှိုင်းတာပေါ့။ လမ်းနယ်တွေသတ်မှတ်တယ်။ ပါတဲ့ တောင်သူစာရင်းတွေသတ်မှတ်တယ်။ တောင်သူတွေနဲ့ အကြိမ်ကြိမ်တွေ့တယ်။ တောင်သူ (၄၇) ဦးမှာ (၇) ဦးက သဘောမတူဘဲကျန်သေးတာပေါ့။ အဲဒီ (၇) ဦးကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးကိုယ်တိုင်လာရောက်ပြီး အခက်အခဲတွေ မေးမြန်းဆောင်ရွက်တာဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဆတ်-တာချီလိတ်လမ်းပိုင်း မိုင်တိုင် (၉၆.၁၆) မှ စတင်ပြီး လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းမှ ဖြတ်သန်းဖောက်လုပ်မည်ဖြစ်ပြီး ဟွေရဲရွာမှ အောင်ပင်လယ်လမ်းကို ဆက်သွယ်ဖောက်လုပ်မည်ဖြစ်ပြီး အရှည် (၄.၉၆၆) မိုင်ဖောက်လုပ်မည်ဖြစ်သည်။

“ဘတ်ဂျက် မရှိသေးဘူး။ အဲဒီလမ်းက ဘယ်သူ့လမ်းမှ မဟုတ်သေးလို့။ ပိုင်ရှင်မရှိသေးလို့ ကျွန်တော်တို့ ဆောက်လုပ်ရေးကပဲ တာဝန်ယူလုပ်ဆောင်ရမှာပေါ့။ ပထမ ကျွန်တော်တို့လမ်းဦးစီးက လုပ်ဖို့လျာထားတာပေါ့။ အခုတော့ ကျေးလက်လမ်းဦးစီးက တာဝန်ယူဆောက်လုပ်မှာပါ။ လမ်းဧရိယာအကျယ်အဝန်းရပြီဆိုမှ ရန်ပုံငွေတင်ပြတောင်းခံရမှာ”ဟု လမ်းဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မိုင်းဆတ် - တာချီလိတ်မြို့ပတ်လမ်း(ဆန်ဆိုင်း) ဖောက်လုပ်ရန်အတွက် မြေယာပိုင်ရှင် (၄၇) ဦးအနက် ညှိနှိုင်းရန် ကျန်ရှိနေသည့် မြေပိုင်ရှင် (၇) ဦးကို တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~