လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)နဲ့ တာချီလိတ်မြို့နယ်တွင်းထဲက လုပ်ငန်း(၂၀)

လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)နဲ့ တာချီလိတ်မြို့နယ်တွင်းထဲက လုပ်ငန်း(၂၀)
ဇန်နဝါရီ 13, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)နဲ့ တာချီလိတ်မြို့နယ်တွင်းထဲက လုပ်ငန်း(၂၀)


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)နဲ့ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ လမ်းတံတားရေ လုပ်ငန်း (၂၀) ကို ရွေးချယ်ထားပါတယ်။

ဒေသဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်ကိစ္စရပ်နဲ့ပတ်သက်လို့ စီမံချက်တွေ ရေးဆွဲကာ လွှတ်တော်ကိုတင်ပြမှာဖြစ်သလို မိုးမကျခင်အပြီးဆောင်ရွက်သွားမယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ဆောင်ရွက်မယ့်လုပ်ငန်းတွေအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ  နဲ့ ဌာနဆိုင်ရာတွေ အပါအဝင် ရပ်/ကျေးဥက္ကဌတွေ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့က တွေ့ဆုံကာ လုပ်ငန်းတွေကို ရွေးချယ်ခဲ့ပြီးတော့ တင်ပြလာတဲ့လုပ်ငန်းတွေကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွေက လုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ့ မတူညီတာတွေကို စီစစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~