အာဏာသိမ်းအဖွဲ့က ပထမဆုံးကြေညာသည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၏ ၅၀၅-က စာရင်းတွင် မိုင်းယောင်းမြို့မှ တစ်ဦးပါဝင်နေ

အာဏာသိမ်းအဖွဲ့က ပထမဆုံးကြေညာသည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၏ ၅၀၅-က စာရင်းတွင် မိုင်းယောင်းမြို့မှ တစ်ဦးပါဝင်နေ
ဧပြီ 28, 2021 | ရှမ်းရှေ့

 အာဏာသိမ်းစစ်ကောင်စီအဖွဲ့က လူမှုကွန်ယက်အားအသုံးပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ တက္ကသိုလ် /ကောလိပ်/ ကျောင်းများရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များအား ၂၀၂၁ခုနှစ် ဧပြီလ(၂၈)ရက်နေ့က စ၍ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်းကို စစ်တပ်ပိုင်မီဒီယာက ကြေညာနေရာ ရှမ်းပြည်နယ်အတွင်း မှ (၂)ဦး ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ ကိုမျိုးမင်းထက် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့မှ မနန်းမြသဇင်ဦး တို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြစ် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီလ(၂၈)ရက်နေ့တွင် စတင်ကြေညာသည့် ကျောင်းသားသမဂ္ဂ (၂၀)ဦးတွင် သင်္ဃကျွန်းမြို့နယ်မှ ကိုရဲရင့်ဘုန်းအောင်၊ ပြည်မြို့မှ ပိုင်ဖြိုးဇင်၊ ထားဝယ်မြို့မှ မသီရိမိုး၊ အင်းတကော်မြို့မှ ကိုအောင်ညီညီသွင်၊ ထားဝယ်မြို့မှ ကိုစည်သူနိုင်၊ မော်လမြိုင်မြို့မှ ကိုဖုန်းမြတ်မိုး နှင့် မသီရိယမင်းအောင်၊ လှိုင်မြို့မှ မမေသင်းခိုင်၊ သရက်ချောင်းမြို့မှ ဇင်မောင်ဖြိုး၊ လွိုင်လင်မြို့မှ မနန်းမြသဇင်ဦး၊ မြိတ်မြို့မှ မနွေးအိအိကျော်၊ မော်လမြိုင်မြို့မှ ကိုအေးချမ်းကို၊ ရေကြည်မြို့မှ ကိုစောထက်အောင်လင်း၊ မြိတ်မြို့မှ ကိုဝေယံဖြိုး၊ လွိုင်ကော်မြို့မှ ကိုစည်သူအောင်၊ ဟိုပင်မြို့မှ မဖူးပွင့်စိုး၊ ကန်ကြီးဒေါင့်မြို့မှ ဥဂ္ဂါြမတ်၊ မိုင်းယောင်းမြို့မှ ကိုမျိုးမင်းထက်၊ တိုက်ကြီးမြို့မှ ဇော်မျိုးလွင် နှင့် နတ်တလင်းမြို့မှ မင်းသူရှိန်တို့ ပါဝင်သည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ကျန်းမာရေးဝန်ထမ်းများ၏ ပုဒ်မ ၅၀၅-က အမည် စာရင်းများကို ကြေညာနေရာမှ ယနေ့ ဧပြီလ(၂၈)ရက်နေ့တွင် ပညာရေး ဝန်ထမ်းများ နှင့် ကျောင်းသားသမဂ္ဂများ၏ ၅၀၅-က စာရင်းများကိုပါ ကြေညာလာခြင်း ဖြစ်သည်။