မိုင်းဆတ်မြို့မှ လွှဲလာသည့် လူနာမှာ တာချီလိတ်ဆေးရုံတွင် သေဆုံးသွား၍ COVID-19 ဟုတ်မဟုတ် ဓါတ်ခွဲနမူနာ ပို့ဆောင်စစ်ဆေးမည်

မိုင်းဆတ်မြို့မှ လွှဲလာသည့် လူနာမှာ တာချီလိတ်ဆေးရုံတွင် သေဆုံးသွား၍ COVID-19 ဟုတ်မဟုတ် ဓါတ်ခွဲနမူနာ ပို့ဆောင်စစ်ဆေးမည်
ဧပြီ 12, 2020
By Tachileik News Agency
မိုင်းဆတ်မြို့မှ လွှဲလာသည့် လူနာမှာ တာချီလိတ်ဆေးရုံတွင် သေဆုံးသွား၍ COVID-19 ဟုတ်မဟုတ် ဓါတ်ခွဲနမူနာ ပို့ဆောင်စစ်ဆေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့မှ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့တွင် လွှဲပို့လာသည့် အမျိုးသားလူနာ (၁)ဦး အသက်ရှုကြပ်၊ ဖျားနာလက္ခဏာများဖြင့် သေဆုံးသွား၍ ဓါတ်ခွဲနမူနာ ပို့စစ်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်ကနေလွှဲလာတာ အသည်းရောင်နဲ့ အစာအိမ်ရောင်နဲ့ လွှဲလာတာမှာ ရောက်ပြီးတော့ (၅)မိနစ်လောက်နေရော ဆုံးသွားရော။ ဆုံးသွားတာက အသက်ရှုကြပ်တာရော၊ ဖျားတာရောဆိုတော့ ဓါတ်ခွဲစစ်ဖို့ အခုပဲ ကျိုင်းတုံပို့ဖို့ လုပ်နေပြီ

ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၂)ရက်နေ့ ညပိုင်းတွင် ပြောသည်။

လက်ရှိတွင် တာချီလိတ်ခရိုင်ဆေးရုံမှ  ဓါတ်ခွဲအဖြေပို့စစ်ထားသူ (၆) ဦးရှိပြီဖြစ်သည်။

အခုက လေကြောင်းလိုင်းတွေ နားထားတော့ ကားနဲ့ပို့စစ်ရတော့ အချိန်နည်းနည်း ပိုကြာတယ်။ ဒီကနေ ဓါတ်ခွဲနမူနာကို ကျိုင်းတုံပို့၊ ကျိုင်းတုံကနေ တောင်ကြီးပို့။ အဲဒီကနေမှ ရန်ကုန်ပို့ရတယ်။ အရင်ကတော့ ဓါတ်ခွဲအဖြေက နောက်တစ်နေ့လောက်မျှော်လို့ရတယ်။ အခုက ရက်နည်းနည်းကြာသွားတယ်

ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ဧပြီလ (၁၁)ရက်နေ့တွင် နေအိမ်၌အသွားအလာကန့်သတ်ထားသူ (၃)ဦးနှင့် စောင့်ကြည့်လူနာ (၂)ဦး၏ ဓါတ်ခွဲနမူနာများနှင့် ဧပြီလ (၁၂)ရက်နေ့တွင် အသက်ရှုကြပ်၊ ဖျားနာလက္ခဏာများဖြင့် သေဆုံးသွားသည့် လူနာ (၁)ဦး၏ ဓါတ်ခွဲနမူနာများ ပို့စစ်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~