မြန်မာနိုင်ငံတွင် ရက်ပေါင်း (၁၃၁)ရက်အတွင်း covid-19 ဓါတ်ခွဲနမူနာ (၁၁၂,၀၀၀)ကျော် စစ်ဆေးခဲ့

မြန်မာနိုင်ငံတွင် ရက်ပေါင်း (၁၃၁)ရက်အတွင်း covid-19 ဓါတ်ခွဲနမူနာ (၁၁၂,၀၀၀)ကျော် စစ်ဆေးခဲ့
သြဂုတ် 1, 2020
By Tachileik News Agency

မြန်မာနိုင်ငံတွင် ရက်ပေါင်း (၁၃၁)ရက်အတွင်း covid-19 ဓါတ်ခွဲနမူနာ (၁၁၂,၀၀၀)ကျော် စစ်ဆေးခဲ့

မြန်မာနိုင်ငံအတွင်း ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စ၍ ရက်ပေါင်း (၁၃၁)ရက်အတွင်းတွင် Covid-19 ဓါတ်ခွဲနမူနာ စုစုပေါင်း (၁၁၂,၃၈၁)ခုကို ဓါတ်ခွဲစစ်ဆေးထားပြီး (၃၅၃)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

ဓါတ်ခွဲနမူနာ စုစုပေါင်း (၁၁၂,၃၈၁)ခုတွင် စောင့်ကြည့်လူနာ(PUI)အဖြစ်သတ်မှတ်ထားသည့် လူနာအရေအတွက်မှာ စုစုပေါင်း (၆,၇၁၅)ဦး ရှိသည်။

၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဩဂုတ်လ(၁)ရက်နေ့ နံနက်(၈)နာရီအထိတွင် အတည်ပြုလူနာ (၃၅၃)ဦးအနက် သေဆုံးသူမှာ (၆)ဦးအထိရှိခဲ့ပြီး သက်သာပျောက်ကင်းသူမှာ  (၂၉၆)ဦးရှိကြောင်း သိရသည်။

တစ်ကမ္ဘာလုံးအနေဖြင့် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁)ရက်နေ့ ညနေ(၃)နာရီအချိန်အထိ Covid-19 ကူးစက်ခံရသူ ( ၁၇,၁၀၆,၀၀၇)ဦးရှိနေပြီး သေဆုံးသူမှာ (၆၆၈,၉၁၀)ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~