တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁) ယာယီပိတ်လိုက်ပြီ။ ကုန်စည်စီးဆင်းရေး အတွက် တံတား(၂)ကို မတ်လ(၂၃)ရက်နေ့ ပြန်လည်ဖွင့်လှစ်မည်

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁) ယာယီပိတ်လိုက်ပြီ။ ကုန်စည်စီးဆင်းရေး အတွက် တံတား(၂)ကို မတ်လ(၂၃)ရက်နေ့ ပြန်လည်ဖွင့်လှစ်မည်
မတ် 22, 2020
By Tachileik News Agency
တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁) ယာယီပိတ်လိုက်ပြီ။ ကုန်စည်စီးဆင်းရေး အတွက် တံတား(၂)ကို မတ်လ(၂၃)ရက်နေ့ ပြန်လည်ဖွင့်လှစ်မည်

ထိုင်းနိုင်ငံအတွင်း COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံက တာချီလိတ် နှင့် မယ်ဆိုင်အကြား ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအား ၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့ မြန်မာ စံတော်ချိန် ည(၈)နာရီခွဲအချိန်က စတင်ပိတ်လိုက်ပြီဖြစ်သည်။

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတားနှစ်စင်း အနက် ကုန်စည်များပို့ဆောင်ရာတွင် အဓိက အသုံးပြုသည့် ချစ်ကြည်ရေးတံတား(၂)အား မတ်လ(၂၃)ရက်နေ့က စ၍ ပြန်လည်ကာ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ချစ်ကြည်ရေးတံတား(၂)ပေါ် ကုန်စည်ပို့ဆောင်ရာတွင် ယာဉ်မောင်းများကို ကန့်သတ်မည် ဖြစ်ကြောင်း သိရသည်။

မတ်လ(၂၃)ရက်နေ့က စ၍ ချစ်ကြည်ရေးအမှတ်(၂)တံတားပေါ်မှ ထိုင်းနိုင်ငံဘက်က စက်သုံးဆီ၊ အိမ်ဆောက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ စသဖြင့် ဝယ်ယူသယ်ဆောင်ခွင့်ပြုမည်ဖြစ်သော်လည်း လူနာပို့ဆောင်ခြင်း၊ လူဖြတ်သန်းသွားလာခြင်းကို ထိုင်းနိုင်ငံဘက်မှ ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ယခုလို တံတား(၁)အား ထိုင်းနိုင်ငံဘက်က ပိတ်လိုက်ခြင်းသည် COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်ရေးအတွက်သာဖြစ်သည့်အတွက် မြန်မာဘက်က ကုန်စည်များကို တံတား(၂)က သယ်ယူရရှိနိုင်ရန် ညှိနှိုင်းကာ အဆင်ပြေမှု ရရှိထားသည့်အတွက် တံတား(၁)နည်းတူ မှန်လုံယာဉ်အသေးဖြင့် ကုန်ပစ္စည်းများအား တစ်ပိုင်တစ်နိုင် သယ်ယူနိုင်မည်ဖြစ်သည့်အတွက် ဒေသတွင်းနေပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုသည့်နည်းတူ ကုန်စည်ဒိုင်များ နှင့် ကုန်စုံဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချြခင်း မပြုရန်လည်း တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက အသိပေးထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~