တာချီလိတ်မြို့ရှောင်လမ်းနှင့် မလွတ်၍ လျော်ကြေးပေးထားသည့် နေအိမ်များကို ဖေဖော်ဝါရီလ(၁၁)ရက်နေ့ စဖျက်မည်

တာချီလိတ်မြို့ရှောင်လမ်းနှင့် မလွတ်၍ လျော်ကြေးပေးထားသည့် နေအိမ်များကို ဖေဖော်ဝါရီလ(၁၁)ရက်နေ့ စဖျက်မည်
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှောင်လမ်းနှင့် မလွတ်၍ လျော်ကြေးပေးထားသည့် နေအိမ်များကို ဖေဖော်ဝါရီလ(၁၁)ရက်နေ့စဖျက်မည်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၏ အရှေ့မြို့ရှောင်လမ်း ဖောက်လုပ်နေရာမှာ လမ်းနဲ့ မလွတ်ကင်းတဲ့ နေအိမ်တွေကို လျော်ကြေးငွေတွေ ပေးအပ်ခဲ့ပြီး ဖျက်သိမ်းဖို့ စီစဉ်နေရာမှာ နေအိမ်ပိုင်ရှင်တွေနဲ့ညှိနိုင်းပြီးစီးသွားတဲ့အတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကနေ စတင်ပြီး ဖျက်သိမ်းမှုတွေလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

တာချီလိတ်မြို့ အရှေ့မြို့ရှောင်လမ်းဖောက်လုပ်ရာမှာ လျော်ကြေးငွေရယူထားတဲ့ နေအိမ်ပိုင်ရှင်တွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့ မနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေဆုံညှိနှိုင်းရာမှာ ပြေလည်မှုရရှိခဲ့တာဖြစ်ပါတယ်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးကနေ စက်မှုဇုန်အနီး လမ်းပေါ်အထိ မယ်ဆိုင်ချောင်းတစ်လျှောက် (၄) မိုင်အရှည်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ကစတင်ဖောက်လုပ်နေပြီးတော့ ရပ်ကွက်အတွင်းက လမ်းဧရိယာနဲ့မလွတ်ကင်းတဲ့အိမ်တွေကို ဖယ်ရှားနိုင်ရေး ဆောင်ရွက်နေပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~