ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဒီဇင်ဘာလ(၅)ရက်နေ့ ညပိုင်းအထိ အခြေအနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဒီဇင်ဘာလ(၅)ရက်နေ့ ညပိုင်းအထိ အခြေအနေ
ဒီဇင်ဘာ 5, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဒီဇင်ဘာလ(၅)ရက်နေ့ ညပိုင်းအထိ အခြေအနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့၌ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့ တစ်နေ့အတွင်း အတည်ပြုလူနာသစ် (၃) ဦးထပ်တိုးပြီး တာချီလိတ်မှ အတည်ပြုလူနာ (၂) ဦး ဆေးရုံခွင့် ရရှိသဖြင့် လက်ရှိတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တစ်ခုလုံး၌ ကုသမှုခံယူဆဲ အတည်ပြုလူနာ (၇၉) ဦးရှိနေသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တစ်ခုလုံး၌ ဒီဇင်ဘာလ (၅) ရက်နေ့အထိ ကုသမှုခံယူဆဲ အတည်ပြုလူနာအရေအတွက်မှာ တာချီလိတ်မြို့တွင် (၆၄) ဦး၊ မိုင်းတုံမြို့တွင် (၄) ဦး၊ မိုင်းဖြတ်မြို့တွင် (၃)ဦး၊ မိုင်းယောင်းမြို့တွင် (၅) ဦး၊ ကျိုင်းတုံမြို့တွင် (၂) ဦးနှင့် မိုင်းပျဉ်းမြို့တွင် (၁) ဦးရှိနေခြင်းဖြစ်သည်။
ဒီဇင်ဘာလ (၅)ရက်နေ့၌ တာချီလိတ်မြို့နယ်မှ အနံ့ပျောက်နေ၍ စစ်ဆေးရာမှ ပိုးတွေ့လူနာအသစ် အမျိုးသား(၁) ဦး၊ မိုင်းယောင်းမြို့နယ်မှ ပိုးတွေ့လူနာအသစ် အမျိုးသမီ(၂) ဦးတို့ ထပ်တိုးလာကာ တာချီလိတ်တွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး ဆေးရုံဆင်းခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့မှစ၍ ဒီဇင်ဘာလ (၅) ရက်နေ့အထိ COVID-19 ဓါတ်ခွဲ စစ်ဆေးသူပေါင်း (၁၄,၆၄၀) ဦးရှိသည့်အနက် ပိုးတွေ့လူနာပေါင်း (၉၆) ဦး တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ယင်းအပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဒေသတွင်း ကူးစက်မှုအဖြစ် နိုဝင်ဘာလ (၂၅)ရက်နေ့ကစ၍ တွေ့လာရပြီးနောက် ဒေသတွင်းကူးစက်မှုအများအပြားတွေ့လာရသဖြင့် လက်ကိုမကြာခဏဆေးရန်၊ လူစုလူဝေးရှောင်ရှားရန်၊ မလိုအပ်ဘဲ အပြင်မထွက်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက Mask မဖြစ်မနေ တပ်ဆင်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~