တာချီလိတ်၏ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတွင် ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေရရှိ

တာချီလိတ်၏ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတွင် ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေရရှိ
မတ် 20, 2020
By Tachileik News Agency

တာချီလိတ်၏ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတွင် ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေရရှိ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့က စောင့်ကြည့်လူနာအဖြစ် ခရိုင်ပြည်သူ့ဆေးရုံ သီးခြားစောင့်ကြည့်ကုသခန်း၌ ထားရှိသည့် တရုတ်နိုင်ငံသား၏ ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့ရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မတ်လ (၂၀)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

အဆိုပါ တရုတ်နိုင်ငံသားသည် တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်၊ ရှန်ကျန့်မှ မတ်လ (၆) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက် - ချင်းမိုင် - မယ်ဆိုင်မှတစ်ဆင့် တာချီလိတ်သို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး မတ်လ (၁၇)ရက်နေ့၌ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်းများဖြစ်၍ မတ်လ (၁၈)ရက်နေ့တွင် ဆေးခန်းပြရာမှ စောင့်ကြည့်လူနာအဖြစ် သတ်မှတ် ဓါတ်ခွဲစစ်ဆေးထားခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားသည် ထိုင်းနယ်စပ်မှ EP ဖြင့် ဝင်ရောက်လာပြီး တာချီလိတ်တွင် လက်ရှိအချိန်ထိ နေထိုင်နေသည့် တရုတ်နိုင်ငံသား (၅၀၀)ကျော်ထဲက တစ်ဦးဖြစ်သည်။

တာချီလိတ်တွင် မတ်လ (၁၆)ရက်နေ့က တရုတ်နိုင်ငံသား စောင့်ကြည့်လူနာတစ်ယောက်နှင့် မတ်လ (၁၈)ရက်နေ့တွင် တရုတ်နိုင်ငံသားတစ်ဦးကို ဒုတိယမြောက် စောင့်ကြည့်လူနာအဖြစ် တွေ့ရှိထားခြင်းဖြစ်ပြီး (၂)ဦးလုံး၏ ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း အဖြေထွက်ထားခြင်းဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း

တာချီလိတ်တွင် ထိုင်းဘက်မှ EP ဖြင့်ဝင်လာပြီး ပိတ်မိနေသည့် တရုတ်နိုင်ငံသားတစ်ဦး ချောင်းဆိုးနေသဖြင့် ဆေးရုံစောင့်ကြည့်ကုသခန်းတွင် ထားရှိ စောင့်ကြည့် ကုသပေးနေ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~