တာချီလိတ်ရှိ ဇွဲသာယာအပန်းဖြေစခန်းတွင် အစားအသောက်များ အဆမတန်ဈေးဖြင့် မရောင်းချရန် သတ်မှတ်ထား

ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency

တာချီလိတ်ရှိ ဇွဲသာယာအပန်းဖြေစခန်းတွင် အစားအသောက်များ အဆမတန်ဈေးဖြင့် မရောင်းချရန် သတ်မှတ်ထား

တာချီလိတ်မြို့ မိုင်းဖုန်း(က) ကျေးရွာအုပ်စုအတွင်း ဝမ်ပုံမှာရှိတဲ့ မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ကမ်းဘေးမှာ ဇွဲသာယာအပန်းဖြေစခန်းကို  ဈေးဆိုင်ပေါင်း (၅၀) ကျော်နဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး လာလည်သူတွေစိတ်ချမ်းစာစွာ လည်ပတ်စေချင်တဲ့အတွက် စားသောက်ဆိုင်တွေကို အဆမတန်ဈေးတွေနဲ့ ရောင်းချမှုမပြုဖို့ သတ်ချက်ချက်တွေ ချထားကြောင်းဇွဲသာယာအပန်းဖြေစခန်းပိုင်ရှင် ဦးဇွဲက ပြောပါတယ်။ 

ဇွဲသာယာအပန်းဖြေစခန်းနဲ့ လူနေအိမ်ယာကို ခွင့်ပြုချက်နဲ့အညီ အကောင်အထည်ဖော်ဆောင်သွားမယ်လို့ ဦးဇွဲက ပြောပါတယ်။ 

မိုင်းဖုန်း(က) ကျေးရွာအုပ်စုထဲက မဲခေါင်မြစ်ကမ်းဘေးနေရာကို ဇွဲသာယာအပန်းဖြေစခန်းနဲ့ လူနေအိမ်ယာဆောက်လုပ်ခွင့်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ခွင့်ပြုပေးလိုက်တဲ့အတွက် အပန်းဖြေစခန်းကို စတင်လုပ်ကိုင်နေပြီး လူနေအိမ်ယာတွေဆောက်လုပ်ဖို့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~