အပတ္စဥ္စုေပါင္းအမိႈက္ေကာက္ေနရသည့္ တာခ်ီလိတ္တြင္ အမိႈက္ပံုးထားသည့္စနစ္ က်င့္သံုးေတာ့မည္

အပတ္စဥ္စုေပါင္းအမိႈက္ေကာက္ေနရသည့္ တာခ်ီလိတ္တြင္ အမိႈက္ပံုးထားသည့္စနစ္ က်င့္သံုးေတာ့မည္
သြဂုတ် 17, 2019
By 🌸
ထုိင္းႏိုင္ငံႏွင့္ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆိုင္ရာမ်ား၊ လူမႈေရး အသင္းအဖြဲ႕မ်ားႏွင့္ ရပ္ကြက္ေနျပည္သူမ်ား အပတ္စဥ္ စုေပါင္းအမိႈက္ေကာက္ေနရသည့္ (၆)လေျမာက္ ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လမွစၿပီး ရပ္ကြက္မ်ားအလုိက္ အမိႈက္ပံုးထားေပးသည့္စနစ္ က်င့္သံုးေတာ့မည္ဟု သိရသည္။

ရပ္ကြက္မ်ားအလိုက္ အမိႈက္ပံုးထားေပးမည့္စနစ္က်င့္သံုးရန္အတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားမွ တစ္ဆင့္ အမိႈက္ပံုးထားရမည့္ေနရာမ်ား အဆိုျပဳတင္ျပရန္ ေတာင္းဆိုထားရာ ၾသဂုတ္လ (၁၇)ရက္ေန႔အထိ ရပ္ကြက္ (၆)ခုကသာ တင္ျပထားေၾကာင္း သိရသည္။

"တနလၤာေန႔ ၾသဂုတ္လ (၁၉) ရက္ေန႔မွာ တိုင္ပင္ဦးမွာေပါ့။ စည္ပင္ရယ္၊ မဇၨိ်မ(လူမႈကူညီေရးအဖြဲ႕)ရယ္ ကၽြန္ေတာ္တို႔ရယ္ ထားမယ့္ေနရာေတြ ညိႇမွာေပါ့။ ကၽြန္ေတာ့္ဆီမွာ စာရင္းတက္ထားတာက (၆) ရပ္ကြက္ ရိွတယ္။ ေနရာ (၄၀) ေလာက္ရိွတယ္။ တစ္ခ်ိဳ႕က (၇) ေနရာ၊ တစ္ခ်ိဳ႕က (၁၀) ေနရာ။ တစ္ရပ္ကြက္နဲ႔ တစ္ရပ္ကြက္မတူညီဘူး"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရပ္ကြက္မ်ားအတြင္း လမ္းသြားလမ္းလာမ်ား စနစ္တက်အမိႈက္ပစ္ႏိုင္ရန္အတြက္ အမိႈက္ပံုးမ်ားကို ၾသဂုတ္လ (၂၀) ရက္ေန႔မွစ၍ အမိႈက္ပံုးမ်ားထားေပးသြားမည္ျဖစ္ၿပီး အမိႈက္ပံုးမ်ားတြင္ 'လမ္းသြားလမ္းလာ အမိႈက္ပါလာ ဒီမွာပစ္ခဲ့စည္းကမ္းနဲ႔၊ ပံုးမျပည့္ခင္ လာေစခ်င္ စည္ပင္ဗိုလ္ေအာင္ဒင္၊ ပစ္သူ သိမ္းသူ လိုက္နာယူ ညီတူစိတ္ထားၿမိဳ႕ႀကီးသား' စတစ္ကာမ်ား ကပ္ထားေပးမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ စေနေန႔တုိင္း စုေပါင္းအမိႈက္ေကာက္သည့္အစီအစဥ္ကို ၂၀၁၉ ခုနွစ္၊ မတ္လ (၉) ရက္ေန႔မွစတင္ခဲ့ၿပီး ၾသဂုတ္လ (၁၇)ရက္ေန႔က ေဆခမ္းရပ္ကြက္အတြင္းရိွ ေလဆိပ္အဝင္လမ္းမႀကီး တစ္ေလွ်ာက္ႏွင့္ စက္မႈဇုန္လမ္း ဦးထြန္းေအာင္ဂိတ္အထိ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ရပ္ကြက္ေနျပည္သူမ်ားက စုေပါင္းအမိႈက္ေကာက္ခဲ့ၾကသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အပတ်စဉ်စုပေါင်းအမှိုက်ကောက်နေရသည့် တာချီလိတ်တွင် အမှိုက်ပုံးထားသည့်စနစ် ကျင့်သုံးတော့မည်
**************
ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ အပတ်စဉ် စုပေါင်းအမှိုက်ကောက်နေရသည့် (၆)လမြောက် ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှစပြီး ရပ်ကွက်များအလိုက် အမှိုက်ပုံးထားပေးသည့်စနစ် ကျင့်သုံးတော့မည်ဟု သိရသည်။

ရပ်ကွက်များအလိုက် အမှိုက်ပုံးထားပေးမည့်စနစ်ကျင့်သုံးရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အမှိုက်ပုံးထားရမည့်နေရာများ အဆိုပြုတင်ပြရန် တောင်းဆိုထားရာ သြဂုတ်လ (၁၇)ရက်နေ့အထိ ရပ်ကွက် (၆)ခုကသာ တင်ပြထားကြောင်း သိရသည်။

"တနင်္လာနေ့ သြဂုတ်လ (၁၉) ရက်နေ့မှာ တိုင်ပင်ဦးမှာပေါ့။ စည်ပင်ရယ်၊ မဇ္ဇျိမ(လူမှုကူညီရေးအဖွဲ့)ရယ် ကျွန်တော်တို့ရယ် ထားမယ့်နေရာတွေ ညှိမှာပေါ့။ ကျွန်တော့်ဆီမှာ စာရင်းတက်ထားတာက (၆) ရပ်ကွက် ရှိတယ်။ နေရာ (၄၀) လောက်ရှိတယ်။ တစ်ချို့က (၇) နေရာ၊ တစ်ချို့က (၁၀) နေရာ။ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်မတူညီဘူး"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာများ စနစ်တကျအမှိုက်ပစ်နိုင်ရန်အတွက် အမှိုက်ပုံးများကို သြဂုတ်လ (၂၀) ရက်နေ့မှစ၍ အမှိုက်ပုံးများထားပေးသွားမည်ဖြစ်ပြီး အမှိုက်ပုံးများတွင် 'လမ်းသွားလမ်းလာ အမှိုက်ပါလာ ဒီမှာပစ်ခဲ့စည်းကမ်းနဲ့၊ ပုံးမပြည့်ခင် လာစေချင် စည်ပင်ဗိုလ်အောင်ဒင်၊ ပစ်သူ သိမ်းသူ လိုက်နာယူ ညီတူစိတ်ထားမြို့ကြီးသား' စတစ်ကာများ ကပ်ထားပေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်သည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၉) ရက်နေ့မှစတင်ခဲ့ပြီး သြဂုတ်လ (၁၇)ရက်နေ့က ဆေခမ်းရပ်ကွက်အတွင်းရှိ လေဆိပ်အဝင်လမ်းမကြီး တစ်လျှောက်နှင့် စက်မှုဇုန်လမ်း ဦးထွန်းအောင်ဂိတ်အထိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net