တာချီလိတ် ဝမ်ကောင်းရပ်ကွက်အတွင်း နေအိမ်တွင်  သေနတ်ဖြင့် (၁၀)ချက်အထက် ပစ်ခတ်မှု ဖြစ်ပွား

တာချီလိတ် ဝမ်ကောင်းရပ်ကွက်အတွင်း နေအိမ်တွင်  သေနတ်ဖြင့် (၁၀)ချက်အထက် ပစ်ခတ်မှု ဖြစ်ပွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း အားခေရွာရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ၂၀၂၂ခုနှစ် မေလ(၄)ရက်နေ့ ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း သိရသည်။

"သေနတ်ပစ်သံကတော့ ဆက်တိုက်ပဲ (၁၀)ချက်ကျော် ကြားလိုက်တယ်။ ထွက်မကြည့်ရဲလို့ မကြည့်တာ။ ဘာဖြစ်သွားလဲတော့မသိဘူး။ အဲ့အိမ်က ဟိုတယ်ပိုင်ရှင်တစ်ဦး လာနေကြအိမ်ပဲ "ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ ည(၉)နာရီကျော်အချိန်က  ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းပစ်ခတ်မှုကြောင့် မြို့တွင်းနှင့် ဝမ်ကောင်းရပ်ကွက်အတွင်း ရတနာလမ်းပေါ်တို့တွင် စစ်ကားများ ကင်းလှည့်နေကြောင်း သိရသည်။