ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်မှ သန္ဓေသားသို့ ကူးစက်ကြောင်း ဝူဟန်ကလေးဆေးရုံ ဆရာဝန်များ ထုတ်ဖေါ်ပြောကြား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်မှ သန္ဓေသားသို့ ကူးစက်ကြောင်း ဝူဟန်ကလေးဆေးရုံ ဆရာဝန်များ ထုတ်ဖေါ်ပြောကြား
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်မှ သန္ဓေသားသို့ ကူးစက်ကြောင်း ဝူဟန်ကလေးဆေးရုံ ဆရာဝန်များ ထုတ်ဖေါ်ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း ဝူဟန်ကလေးဆေးရုံမှ ဆရာဝန်များက တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV သို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့က ထုတ်ဖေါ်ပြောကြားသည်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဖေဖေါ်ဝါရီလ (၂)ရက်နေ့က မွေးဖွားလာသည့် ကလေးငယ်ကို နာရီ (၃၀)အကြာတွင် စမ်းသပ်စစ်ဆေးရာ ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် မွေးဖွားလာသည့် အဆိုပါကလေးငယ်မှာ ရောဂါလက္ခဏာများမတွေ့ရဘဲ အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

သို့သော် ကလေးငယ်အား ဓါတ်မှန်ရိုက်ကြည့်ရာ ရောဂါပိုးကူးစက်ခံထားရသည့် လက္ခဏာများနှင့် အသည်း၏ လုပ်ဆောင်ချက် ပုံမှန်မဟုတ်သည်တို့ကို တွေ့ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအပြင် ဇန်နဝါရီလ (၁၃)ရက်နေ့က မွေးဖွားခဲ့သည့် ကလေးငယ်တစ်ဦး၏ ကလေးထိန်းနှင့် ကလေး၏ မိခင်တို့တွင် ရောဂါလက္ခဏာများ ပြလာသည့်အပြင် ကလေးငယ်မှာလည်း ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ရောဂါလက္ခဏာများ ပြလာခြင်းဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကလေးများမှာ အခြေအနေ ကောင်းမွန်နေကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးတွင် သေဆုံးသူမြင့်တက်နေပြီး နိုင်ငံပေါင်း (၂၀)ကျော်တွင် ရောဂါကူးစက်ခံထားရသူများ ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
Ref; CNA
Photo: AFP/Noel Celis

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~