တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း မယ်ဆိုင်ချောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်မည်ဖြစ်၍ မည်သူမဆို ပါဝင်နိုင်
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း မယ်ဆိုင်ချောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်မည်ဖြစ်၍ မည်သူမဆို ပါဝင်နိုင်
မေ 17, 2019
By Tachileik News Agency
၂၀၁၉ ခုနှစ် မေလ (၈) ရက်နေ့က  ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း မယ်ဆိုင်ချောင်းအတွင်း မယ်ဆိုင်ဘက်ခြမ်းမှ မြေထိန်းနံရံများ တည်ဆောက်နေကြောင်း သတင်းအရ တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာတွင် မြေထိန်နံရံနည်ဆောက်နေမှုနှင့် မယ်ဆိုင်ဘက်ခြမ်းမှ ရေသွယ်မြောင်း (၂) မြောင်း သွယ်တန်းထားကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပြီး မေလ (၉) ရက်နေ့တွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့်အဖွဲ့၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူးတို့ သွားရောက်စစ်ဆေးခဲ့ပြီး ရေမြောင်းများ သွယ်ယူထားရာ ချောင်းအတွင်းရေစီးဝင်မှု မရှိသဖြင့် ချောင်းတိမ်ကောနေပြီး အမှိုက်များပိတ်ဆို့နေကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ချောင်းတွင်းရေမြောင်းဖောက်လုပ်မှုကို မေလ (၁၁) နေ့က ဘတ်ဟိုးယာဉ်ဖြင့်ဆောင်ရွက်ခဲ့ပြီး မေလ (၁၈) ရက်နေ့တွင် ချောင်းတွင်းစုပေါင်းအမှိုက်ကောက်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - UTS
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ် နှင့် မယ်ဆိုင် အကြားရှိ မယ်ဆိုင်ချောင်းအတွင်း သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ဒုတိယအကြိမ်မြောက်အဖြစ် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းရှိ မယ်ဆိုင်ချောင်းအတွင်း၌ ၂၀၁၉ခုနှစ် မေလ(၁၈)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်မည်ဖြစ်၍ မည်သူမဆို ပါဝင်နိုင်ကြောင်း သိရသည်။
"1G1 ဟိုတယ်နားက သွပ်ပြားစက်ရုံနားမှာ စုရပ်လုပ်မယ်။ ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါမှာပေါ့။ မယ်ဆိုင်ချောင်း ပြန်ဖော်ထားတဲ့နေရာက စကောက်မှာပါ။ ရပ်ကွက်ထဲအမှိုက်ကောက်တာတော့ မလုပ်တော့ဘူး။ မြောင်းဆယ်ထားတဲ့နေရာကနပြေီးတော့ အရင်သွားစစ်တဲ့မုန့်တီဖိုနောက်ကျောအထိကောက်မှာ။ ချောင်းတွင်းသန့်ရှင်းရေးလုပ်မှာပေါ့"ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
၂၀၁၉ ခုနှစ် မေလ (၈) ရက်နေ့က ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း မယ်ဆိုင်ချောင်းအတွင်း မယ်ဆိုင်ဘက်ခြမ်းမှ မြေထိန်းနံရံများ တည်ဆောက်နေကြောင်း သတင်းအရ တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာတွင် မြေထိန်နံရံနည်ဆောက်နေမှုနှင့် မယ်ဆိုင်ဘက်ခြမ်းမှ ရေသွယ်မြောင်း (၂) မြောင်း သွယ်တန်းထားကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပြီး မေလ (၉) ရက်နေ့တွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့်အဖွဲ့၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူးတို့ သွားရောက်စစ်ဆေးခဲ့ပြီး ရေမြောင်းများ သွယ်ယူထားရာ ချောင်းအတွင်းရေစီးဝင်မှု မရှိသဖြင့် ချောင်းတိမ်ကောနပြေီး အမှိုက်များပိတ်ဆို့နေကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ချောင်းတွင်းရေမြောင်းဖောက်လုပ်မှုကို မေလ (၁၁) နေ့က ဘတ်ဟိုးယာဉ်ဖြင့်ဆောင်ရွက်ခဲ့ပြီး မေလ (၁၈) ရက်နေ့တွင် ချောင်းတွင်းစုပေါင်းအမှိုက်ကောက်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - UTS
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net