တာချီလိတ်တွင် ကာစီနို နှင့် အွန်လိုင်းလောင်းကစားများ ပိတ်လိုက်ပြီး တစ်ပတ်အတွင်း ထိုင်းနိုင်ငံသား ဝင်ရောက်မှု (၁၃,၀၀၀)ဝန်းကျင် ကျဆင်း

ဖေဖော်ဝါရီ 16, 2020
By Tachileik News Agency

တာချီလိတ်တွင် ကာစီနို နှင့် အွန်လိုင်းလောင်းကစားများ ပိတ်လိုက်ပြီး တစ်ပတ်အတွင်း   ထိုင်းနိုင်ငံသား ဝင်ရောက်မှု (၁၃,၀၀၀)ဝန်းကျင် ကျဆင်း

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကာစီနို နှင့် အွန်လိုင်းလောင်းကစားများ ပိတ်လိုက်ပြီး တစ်ပတ်အတွင်း  ထိုင်းနိုင်ငံသား ဝင်ထွက်သွားလာမှုမှာ  ယခင်ထက် (၁၃,၀၀၀)ဝန်းကျင် လျော့နည်းသွားကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား အမှတ်(၁)မှ တဆင့် ဖေဖော်ဝါရီလ (၇)ရက်နေ့က စတင်ကာ (၇)ရက်အတွင်း ထိုင်းနိုင်ငံသား ဝင်ရောက်မှုသည် (၁၂,၉၀၇)ဦးရှိ၍ ယခင်ထက် (၁၃,၀၀၀)ကျော်လျော့နည်းလာကြောင်း သိရသည်။

ယခင်က (၇)ရက်လျှင် တာချီလိတ်သို့ ထိုင်းနိုင်ငံသား ဝင်ရောက်မှုသည် (၂၅,၀၀၀)ကျော်ရှိနေရာမှ ဖေဖော်ဝါရီလ(၇)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၃)ရက်နေ့အထိ (၁၂,၉၀၇)ဦးသာရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ(၃၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၆)ရက်နေ့အထိ တာချီလိတ်သို့ နေ့ချင်းပြန် နှင့် ညအိပ်ထိုင်းနိုင်ငံသားအရေအတွက်မှာ (၂၅,၈၉၆)ဦးရှိခဲ့သည်။

မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၃)ရက်နေ့အထိ (၄၄)ရက်အတွင်း ထိုင်းနိုင်ငံသား နေ့ချင်းပြန် နှင့် ညအိပ် စုစုပေါင်းမှာ(၁၄၉,၅၃၁)ဦး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~