တာချီလိတ်မြို့ပေါ်တွင် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ဆိုင်ကယ် Taxi ပြေးဆွဲသူများကို တွေ့ဆုံကာ အသိပညာပေး ဆွေးနွေး

တာချီလိတ်မြို့ပေါ်တွင် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ဆိုင်ကယ် Taxi ပြေးဆွဲသူများကို တွေ့ဆုံကာ အသိပညာပေး ဆွေးနွေး
ဖေဖော်ဝါရီ 23, 2020
By Tachileik News Agency
တာချီလိတ်မြို့ပေါ်တွင် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ဆိုင်ကယ် Taxi ပြေးဆွဲသူများကို တွေ့ဆုံကာ အသိပညာပေး ဆွေးနွေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် ရပ်ကွက်အတွင်း မှုခင်းလျော့နည်း ကျဆင်းရေးအတွက်  ရဲတပ်ဖွဲ့က တာချီလိတ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် taxi ပြေးဆွဲသူများနှင့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင်းရှိ မြို့နယ်ဓမ္မာရုံတွင် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးကြောင်း သိရသည်။

မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးမှုအား ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခြင်း ဖြစ်ပြီး တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေး နှင့် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်တို့က ဦးဆောင်ဆွေးနွေးကာ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဇေယျနှင့် တပ်ဖွဲ့ဝင်များက ရဲတပ်ဖွဲ့သို့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များ ပါသည့် လက်ကမ်းစာရွက်များကို ပေးဝေခဲ့ကြသည်။

တာချီလိတ်တွင် ဆိုင်ကယ် Taxi ပြေးဆွဲသူ (၆၀၀)အထက်ရှိသည့်အတွက် ရဲတပ်ဖွဲ့၏ မှုခင်းကျဆင်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးနိုင်ရေး၊ အနီးအနား ဝန်းကျင်များတွင် မင်္ကာဖွယ်များ ရှိပါက ရဲတပ်ဖွဲ့သို့ ချက်ချင်းအကြောင်းကြားပေးခြင်းဖြင့် ကူညီပေးရေးစသည်များကို ဆွေးနွေးဟောပြောပြီးနောက် တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

တာချီလိတ်တွင် မှုခင်းဖြစ်ပွားမှု နှင့် ပတ်သက်၍ ဆိုင်ကယ်ခိုးခံရမှုများ မကြာခဏ  ဖြစ်ပေါ်နေရာ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဆိုင်ကယ်ခိုးခံရမှု အများဆုံးဖြစ်သော်လည်း ရဲတပ်ဖွဲ့ထံ အသိပေးတိုင်ကြားမှု နည်းပါးကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က နယ်စပ်ဒေသ တာချီလိတ်တွင် မှုခင်းကျဆင်းရေးအတွက် ရက်(၉၀) ကျားမင်းစီမံချက်ဖြင့် လှည့်ကင်းများ၊ ရှောင်တခင် စစ်ဆေးများအပြင် နေ့ပိုင်းတွင်  မြို့တွင်း လမ်းဆုံများတွင်လည်း စောင့်ကြည့် ကင်းချထားကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~