သက်ငယ်မုဒိမ်းမှု ကင်းစင်ရေး မိုင်းဆတ်မြို့တွင် အသိပညာပေး

သက်ငယ်မုဒိမ်းမှု ကင်းစင်ရေး မိုင်းဆတ်မြို့တွင် အသိပညာပေး
နိုဝင်ဘာ 29, 2019
By Tachileik News Agency
သက်ငယ်မုဒိမ်းမှု ကင်းစင်ရေး မိုင်းဆတ်မြို့တွင် အသိပညာပေး 

သက်ငယ်မုဒိမ်းမှုကင်းစင်ရေး အသိပညာပေးအဖြစ် မြေစိုက်ပိုစတာ စိုက်ထူခြင်း နှင့် ဟောပြောပွဲအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲအား မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ခန်းမဆောင်တွင် နံနက်(၉)နာရီအချိန်က ပြုလုပ်ရာ  ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြစိမ်းအေးက "သက်ငယ်မုဒိမ်းမှု ကင်းစင်ရေး အားလုံးပူး ပေါင်း ပါဝင်ပေး"ခေါင်းစဉ်ဖြင့် ဟောပြောသည်။

"သက်ငယ်မုဒိမ်းမှုဟာ အချိန်အခါ၊ နေရာမရွေးဖြစ်ပွားနိုင်ပါတယ်။ သက်ငယ်မုဒိမ်းမှုဟာ အသက်(၁၆)နှစ်အောက် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းဖြစ်ပါတယ်။ ကလေးသူငယ်ရဲ့ ထိတွေ့ ကိုင်တွယ်ရန် မသင့်လျော်တဲ့ ပါးစပ်၊ ရင်ဘတ်၊ လိင်အင်္ဂါ၊ စအို၊ တင်ပါးစတဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေကို တစ်စုံ တစ်ဦးက ထိတွေ့ကိုင်တွယ်ခဲ့မယ်၊ မလျော်မကန် ပြုမူခဲ့မယ်ဆိုရင် ငြင်းဆန်တတ်အောင်နဲ့ အော်ဟစ်အကူအညီ တောင်းတတ်အောင်၊ ထွက်ပြေးတတ်အောင်နဲ့ ယုံကြည်ရသူ တစ်ဦးဦးကို ပြောပြတိုင်ကြားဖို့လိုအပ်ကြောင်း သင်ကြား ပေးဖို့လိုပါတယ်" ဟု အသိပညာပေးဟောပြောသည်။

"ကလေးရဲ့ထူးခြားမှုကိုလည်း အမြဲသတိပြုပြီး ဂရုတစိုက် မေးမြန်းဖို့အပ်ပါတယ်၊ ဖြစ်ပွားတယ်လို့ သံသယရှိ မယ်၊ သိရှိခဲ့မယ်ဆိုရင် အမြန်ဆုံးတိုင်ကြားဖို့ပါတယ်။ သက်သေခံ ပစ္စည်းလို့ယူဆရတဲ့အရာတွေကို တစ်ပါတည်းယူ ဆောင်လာဖို့နဲ့ ကျူးလွန်ခံရတယ်လို့ သံသယရှိတဲ့ ကလေးငယ်ကို ပစ်ပယ်မထားဘဲ လုံခြုံဘေးကင်းရာကို ပို့ဆောင် ပေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေး မှုများပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ သက်ငယ် မုဒိမ်းမှုဟာ ထောင်ဒဏ်နှစ်(၂၀)ထိ ချမှတ်နိုင်တဲ့ပြစ်မှု ဖြစ်ပါတယ်" ဟု ၎င်းက ဆက်ဟောပြောသည်။

အသိပညာပေး ဟောပြောမှုအပြီးတွင် "သက်ငယ်မုဒိမ်းမှု ကင်းစင်ရေး အားလုံးပူးပေါင်း ပါဝင်ပေး" မြေစိုက်ဗီနိုင်းပိုစတာအား မိုင်းဆတ်မြို့မဈေး ရှေ့တွင် စုပေါင်းစိုက်ထူခဲ့ကြသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)

 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~