(၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်မြို့တွင် ကျင်းပ

(၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်မြို့တွင် ကျင်းပ
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency

(၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်မြို့တွင် ကျင်းပ

(၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင်  ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့လာသည့် သဝဏ်လွှာကို ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ဖတ်ကြားခဲ့သည်။

(၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အတွက် ပေးပို့လာသော သဝဏ်လွှာဖတ်ကြားပြီးချိန်တွင် တက်ရောက်လာသည့် ဧည့်သည်များကနိုင်ငံတော်အလံကို အလေးပြုခဲ့ပြီးနောက် မယ်ခေါင်ရပ်ကွက် ရှမ်းရိုးရာအကအဖွဲ့မှ တိုးနယားအက၊ ဓားသိုင်းအက၊ တာလေမြို့ ရှမ်းရိုးရာအကအဖွဲ့မှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ တာချီလိတ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ တာချီလိတ်ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ အာခါတိုင်းရင်းသားအဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ 

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~