တာချီလိတ်ခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်ရှိ မဲရုံ (၁၇၇) ရုံတွင် COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ပြင်ဆင်မှု ပြီးစီး

တာချီလိတ်ခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်ရှိ မဲရုံ (၁၇၇) ရုံတွင် COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ပြင်ဆင်မှု ပြီးစီး
နိုဝင်ဘာ 6, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်ရှိ မဲရုံ (၁၇၇) ရုံတွင် COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ပြင်ဆင်မှု ပြီးစီး
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များအတွင်းရှိ မဲရုံ (၁၇၇)ရုံကို ခရိုင်အဆင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံမှုကော်မတီက ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့တွင် အပြီးသတ် ကွင်းဆင်းစစ်ဆေးထားပြီး မဲရုံများ၌ COVID 19 ကာကွယ်ရေးအပါအဝင် မဲပေးနိုင်ရေးအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
“တာချီလိတ်ခရိုင်အတွင်းမှာရှိတဲ့ မဲရုံတွေရဲ့လုံခြုံရေးဖြစ်တဲ့ မဲရုံပြင်ပ လုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေး ဒါတွေအားလုံးကို စီစဉ်ပြီးမှဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ မဲရုံတွေတည်ဆောက်ပြီးတဲ့ အခြေအနေလိုက်ပြီးတော့ ကြည့်တာဖြစ်ပါတယ်။ မဲရုံတွေမှာလုံခြုံရေးအရ ဘယ်လောက်ထိတည်ဆောက်ထားလဲ။ ကျွန်တော်တို့ဘာတွေပံ့ပိုးပေးရဦးမလဲ။ ဒါတွေကိုအဓိကထားပြီးတော့ စစ်ဆေးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ခရိုင်မီးသတ်တပ်ဖွဲ့မှူးတို့ ပါဝင်သည့်အဖွဲ့ဖြင့် နိုဝင်ဘာလ (၆)ရက်နေ့က မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယုနှင့် တာချီလိတ်မြို့နယ်အတွင်းမှ စစ်ဆေးရန်ကျန်ရှိသည့် မဲရုံများကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ်တွင် မဲရုံ (၇၀) ရုံ၊ မိုင်းဖြတ်မြို့နယ်တွင် မဲရုံ (၃၉) ရုံနှင့် မိုင်းယောင်းမြို့နယ်တွင် မဲရုံ (၆၈) ရုံဖွင့်လှစ်ထားခြင်းဖြစ်ရာ အဆိုပါမဲရုံများ၏ လုံခြုံရေးကိစ္စရပ်များအပါအဝင် ဝေးလံသည့်ဒေသများမှမဲရုံများသို့ ဆန္ဒမဲလက်မှတ်များအချိန်မီရောက်ရှိနိုင်ရေးနှင့် မဲလက်မှတ်များပို့ဆောင်ရာတွင် လုံခြုံစွာပို့ဆောင်နိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများ ပူးပေါင်းဖွဲ့စည်းထားသည့် ခရိုင်အဆင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံမှုကော်မတီက ကြီးကြပ်ဆောင်ရွက်နေခြင်းဖြစ်သည်။   
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~