RCSS/SSA က မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိသူ (၆)ဦးကို လွှဲပြောင်းပေး

ဖေဖော်ဝါရီ 19, 2020
By Tachileik News Agency

RCSS/SSA က  မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိသူ (၆)ဦးကို လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ RCSS/SSA က  မူးယစ်ဆေးနဲ့အတူ ဖမ်းဆီးရမိသူ ၆ ဦးကို အစိုးရနဲ့ တပ်မတော်ဆီကို ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ လွှဲပြောင်းပေးလိုက်ပါတယ်။

အခုလိုလွှဲပြောင်းပေးမှုက တတိယအကြိမ်မြောက်ဖြစ်ပြီး နောက်ပိုင်းမှာလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးမှာ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ RCSS/SSA ရဲ့ ကျောက်မဲမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ မနန်းမိုးမိုးစောက ပြောပါတယ်။

 RCSS/SSA က ဖမ်းမိသူတွေနဲ့ မူးယစ်ဆေးတွေကို  ကျောက်မဲမြို့နယ် မန်ကျောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှာ လွှဲပြောင်းပေးတာဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ RCSS/SSA က ဒေသတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများကို NCA ပါ သဘောတူညီချက်အတိုင်း ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~