တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းသြယ္မွ အရွိန္ျဖင့္ထြက္လာသည့္ ဆုိင္ကယ္က လမ္းမႀကီးမွကားကို ျဖတ္တုိက္မိ၍ တစ္ဦးဒဏ္ရာရ

တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းသြယ္မွ အရွိန္ျဖင့္ထြက္လာသည့္ ဆုိင္ကယ္က လမ္းမႀကီးမွကားကို ျဖတ္တုိက္မိ၍ တစ္ဦးဒဏ္ရာရ
ဧပြီ 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔ နံနက္ (၁)နာရီမထိုးမီအခ်ိန္က လမ္းသြယ္မွ အရွိန္ျဖင့္ထြက္လာသည့္ဆုိင္ကယ္က ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚမွ ကားကို ျဖတ္တုိက္မိ၍ ဆုိင္ကယ္ေမာင္းသူ ဒဏ္ရာရသြားေၾကာင္း သိရသည္။

မယ္ေခါင္ (၃)လမ္း လမ္းသြယ္အတြင္းမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမဘက္သို႔ စိုင္းႏြံေခးက ဆုိင္ကယ္အား အရွိန္ျဖင့္ေမာင္းထြက္လာစဥ္ အမွတ္(၂)တံတားဘက္မွ ပံုလို႔လမ္းဆံုဘက္သို႔ စိုင္းတစ္ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္ကို ျဖတ္တုိက္မိၿပီး တိမ္းေမွာက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ပံုလို႔လမ္းသြယ္မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးဘက္ထြက္ရာတြင္ အေဆာက္အဦမ်ားျဖင့္ မ်က္ကြယ္ျဖစ္ေနၿပီး အဆိုပါ လမ္းထိပ္တြင္ ယာဥ္တုိက္မႈမ်ား မၾကာခဏျဖစ္ပြားေလ့ရိွသည္ကို ေတြ႔ရသည္။

ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ စိုင္းႏြံေခးတြင္ ဦးေခါင္းႏွင့္ မ်က္ႏွာတုိ႔တြင္ ဒဏ္ရာရၿပီး သတိလစ္သြားသျဖင့္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားရေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းႏွင္သူ အသက္(၁၇)ႏွစ္အရြယ္ စိုင္းႏြံေခးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ နံနက် (၁)နာရီမထိုးမီအချိန်က လမ်းသွယ်မှ အရှိန်ဖြင့်ထွက်လာသည့်ဆိုင်ကယ်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်မှ ကားကို ဖြတ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ ဒဏ်ရာရသွားကြောင်း သိရသည်။

မယ်ခေါင် (၃)လမ်း လမ်းသွယ်အတွင်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘက်သို့ စိုင်းနွံခေးက ဆိုင်ကယ်အား အရှိန်ဖြင့်မောင်းထွက်လာစဉ် အမှတ်(၂)တံတားဘက်မှ ပုံလို့လမ်းဆုံဘက်သို့ စိုင်းတစ်မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ဖြတ်တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ပုံလို့လမ်းသွယ်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘက်ထွက်ရာတွင် အဆောက်အဦများဖြင့် မျက်ကွယ်ဖြစ်နပြေီး အဆိုပါ လမ်းထိပ်တွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် စိုင်းနွံခေးတွင် ဦးခေါင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာရပြီး သတိလစ်သွားသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်သူ အသက်(၁၇)နှစ်အရွယ် စိုင်းနွံခေးအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net