ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်အစောပိုင်းအထိ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်သူ အတည်ပြုလူနာ (၁၃,၉၈၃)ဦးရှိပြီး (၃၀၄)ဦး သေဆုံး

ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်အစောပိုင်းအထိ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်သူ အတည်ပြုလူနာ (၁၃,၉၈၃)ဦးရှိပြီး (၃၀၄)ဦး သေဆုံး
ဖေဖော်ဝါရီ 2, 2020
By Tachileik News Agency
ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်အစောပိုင်းအထိ  ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်သူ အတည်ပြုလူနာ (၁၃,၉၈၃)ဦးရှိပြီး (၃၀၄)ဦး သေဆုံး

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ခုနှစ်  ဖေဖော်ဝါရီလ (၂)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၆)နာရီအထိ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၂၅)နိုင်ငံတို့တွင် ကူးစက်ခံရသူ စုစုပေါင်း (၁၃,၉၈၃)ဦးရှိပြီး သေဆုံးသူ (၃၀၄)ဦးရှိလာရာ ကူးစက်ခံရမှု နှင့် သေဆုံးသူ အရေအတွက် မြှင့်တက်လာသော်လည်း ကုသပျောက်ကင်းသူမှာ (၃၃၁)ဦးရှိကြောင်း သိရသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုလူနာ(၁၃,၉၈၃)ဦးထဲက  (၁၃,၈၁၆)ဦးသည် တရုတ်နိုင်ငံက ဖြစ်ပြီး ဒုတိယအများဆုံးမှာ ဂျပန် နိုင်ငံ နှင့် တတိယအများဆုံးမှာ ထိုင်းနိုင်ငံက ဖြစ်ကြောင်း စစ်တမ်းအရ သိရသည်။

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~