ထိုင်းပြည်သူ့ကျန်းမာရေးအရာရှိတစ်ဦး COVID 19 ကာကွယ်ဆေးထိုးပြီး တစ်ပတ်အကြာတွင် သေဆုံး

ထိုင်းပြည်သူ့ကျန်းမာရေးအရာရှိတစ်ဦး COVID 19 ကာကွယ်ဆေးထိုးပြီး တစ်ပတ်အကြာတွင် သေဆုံး

ထိုင်းပြည်သူ့ကျန်းမာရေးအရာရှိတစ်ဦး COVID 19 ကာကွယ်ဆေးထိုးပြီး (၇) ရက်မြောက်နေ့တွင် သေဆုံးမှုဖြစ်ပွားကြောင်း ထိုင်းကျန်းမာရေးဌာနကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းက ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့တွင် ဖေါ်ပြထားသည်။

 

အဆိုပါ အစိုးရဝန်ထမ်း ပြည်သူ့ကျန်းမာရေးအရာရှိ အမျိုးသမီးသည် ခန္ဓာကိုယ်အလေးချိန်ထိန်းဆေးဝါးများ သုံးစွဲနေသူဖြစ်သည်ဟု သိထားပြီး သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် သေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း မည်သည့်ကာကွယ်ဆေးအမျိုးအစားကို ထိုးနှံထားသည်အပါအဝင် အခြားအချက်အလက်များကို ကျန်းမာရေးဌာန တာဝန်ရှိသူများက ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးခြင်းအတွက် တရုတ်နိုင်ငံထုတ် Sinovac Biotech ကို အသုံးပြုနေပြီး  တရုတ် Sinovac Biotech အသုံးပြုရန်မသင့်တော်သည့် အသက် (၆၀)နှင့်အထက် အသက်အရွယ်များအတွက် ဥရောပထုတ် AstraZeneca Covid 19 ကာကွယ်ဆေးများကို အသုံးပြုနေခြင်းဖြစ်သည်။

 

#TachileikNewsAgency

Ref; Bangkok Post