ငဖဲမြို့မှ ကြက်တိုက်လောင်းကစားဝိုင်းကို ဝင်ဖမ်းရာ လူ (၈)ဦး၊ ကြက် (၄)ကောင်နှင့် ဆိုင်ကယ်(၂၂)စီး ဖမ်းမိ

ငဖဲမြို့မှ ကြက်တိုက်လောင်းကစားဝိုင်းကို ဝင်ဖမ်းရာ လူ (၈)ဦး၊ ကြက် (၄)ကောင်နှင့် ဆိုင်ကယ်(၂၂)စီး ဖမ်းမိ
ဖေဖော်ဝါရီ 15, 2020
By Tachileik News Agency
ငဖဲမြို့မှ ကြက်တိုက်လောင်းကစားဝိုင်းကို ဝင်ဖမ်းရာ လူ (၈)ဦး၊ ကြက် (၄)ကောင်နှင့် ဆိုင်ကယ်(၂၂)စီး ဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအနီးမှ ကြက်တိုက်လောင်းကစားဝိုင်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နေ့လယ် (၁)နာရီခွဲက ဝင်ရောက်ဖမ်းဆီးရာ လူ(၈)ဦး၊ ကြက် (၄)ကောင်၊ ဆိုင်ကယ်(၂၂)စီးနှင့် လောင်းကြေးငွေ (၅)သိန်းကျော် ဖမ်းမိကြောင်းသိရသည်။

ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအနီး ကျောက်တန်းလေးကန် အရှေ့တောင်ဘက် ဝါးရုံတောအတွင်း လူဦးရေ (၅၀)ခန့် ပါဝင်သည့် ကြက်တိုက် လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ဖမ်းရာ ကြက်ဒိုင် ဖိုးဇော်(ခ)ဆန်းထိုက်၊ လောင်းကစားစာရင်းကိုင် မင်းဦး၊ ကြက်ကု ဇော်ဌေး၊ ကြက်တိုက် လောင်းကစားနေသူများဖြစ်သည့် တင်ထွန်းအောင်၊ လှိုင်မျိုးထွန်း၊ ဝင်းမြိုင်၊ ဇော်မင်းဦးနှင့် ဆန်းမင်းနိုင်တို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဖမ်းဆီးရမိသူများထံမှ လောင်းကြေးငွေ ကျပ်(၅၅၅,၀၀၀)နှင့် တိုက်ကြက်ဖ(၄)ကောင်၊ ဆိုင်ကယ်(၂၂)စီး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖမ်းဆီးရမိသူ (၈)ဦးအား ပဒါန်းနယ်မြေရဲစခန်းတွင် (ပ)၁၁/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~