ကော်ဇောလျှော်ရင်း ရေဆင်းဆော့ရာမှ ရေနှစ်ပျောက်ဆုံးနေသည့် ကိုရင်အား (၄)ရက်မြောက်နေ့မှ အလောင်း ရှာတွေ့

ကော်ဇောလျှော်ရင်း ရေဆင်းဆော့ရာမှ ရေနှစ်ပျောက်ဆုံးနေသည့် ကိုရင်အား (၄)ရက်မြောက်နေ့မှ အလောင်း ရှာတွေ့
မတ် 4, 2020
By Tachileik News Agency
ကော်ဇောလျှော်ရင်း ရေဆင်းဆော့ရာမှ ရေနှစ်ပျောက်ဆုံးနေသည့် ကိုရင်အား (၄)ရက်မြောက်နေ့မှ  အလောင်း ရှာတွေ့

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့နယ် တွန်ကာကျေးရွာအနီး ဒုဌဝတီမြစ်အတွင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက ကော်ဇောလျှော်နေရင်း ရေဆင်းဆော့ရာမှ ရေနစ်ပျောက်ဆုံးသွားသော အသက် ( ၁၃ ) နှစ်ဝန်းကျင်ရှိ ကိုရင်၏ အလောင်းကို မတ်လ (၄) ရက် နံနက် (၉)နာရီဝန်းကျင်က ပြန်လည်တွေ့ရှိသည်။

ကော်ဇောတွေ ရေလျှော်နေတုန်း ကိုရင် (၃) ပါးက ကျွတ် (၃) ခုကို ပျဉ် (၅) ချပ်နဲ့ ဆိုင်ကယ်ကြိုးတွေချည်ပြီး ရေဆော့နေတုန်း ရေနစ်ကြတာ။ ရေနစ်ကြတော့ ဘေးကလူတွေကတွေ့ပြီး ကယ်ကြရာမှာ ကိုရင် (၂) ပါးကို ကယ်နိုင်လိုက်တယ်။ တစ်ပါးက ရေနစ်ပြီးပျောက်သွားတာ

ဟု ရှာဖွေရေးတွင်ပါဝင်ဆောင်ရွက်ခဲ့သည့် ကိုကျော်မျိုး( ကျောက်မဲ )က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကိုရင် အရှင်ဂုဏသည် ကျောက်မဲမြို့နယ် ခေါင်ဝိုးကျေးရွာမှဖြစ်ပြီး ကျောက်မဲမြို့ရှိ နမ့်စစ်လင်းကျောင်းတိုက်၌ ကိုရင်လာဝတ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကိုရင်ငယ် ရေနစ်ပျောက်ဆုံးခဲ့သည့် မတ်လ (၁)ရက် မွန်းလွဲပိုင်းမှ စတင်၍ ကျောက်မဲနှင့် သီပေါရှိ လူမှုကူညီရေးအဖွဲ့များ ပါဝင်သည့် လူဦးရေ (၅၀) ခန့်ပါသော အဖွဲ့က နေ့စဉ်ဆက်တိုက် ရှာဖွေမှုများလုပ်ခဲ့ပြီး ရေနစ်သွားသောနေရာနှင့် (၃) မိုင်ခန့်အကွာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း နေဖြိုးမြင့်
ဓါတ်ပုံ - ကိုကျော်မျိုး ( ကျောက်မဲ )

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~