တာချီလိတ်မြို့ ဝမ်မိုင်ရွာအနောက်ဘက်တွင် စစ်ဆေးစဉ် ထွက်ပြေးရန်ကြိုးစားသည့် လူငယ်တစ်ဦးထံက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ ဝမ်မိုင်ရွာအနောက်ဘက်တွင် စစ်ဆေးစဉ် ထွက်ပြေးရန်ကြိုးစားသည့် လူငယ်တစ်ဦးထံက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
ဇူလိုင် 23, 2020
By Tachileik News Agency

တာချီလိတ်မြို့ ဝမ်မိုင်ရွာအနောက်ဘက်တွင် စစ်ဆေးစဉ် ထွက်ပြေးရန်ကြိုးစားသည့် လူငယ်တစ်ဦးထံက စိတ်ကြွဆေးပြားများ  ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာအနောက်ဘက်တွင် လမ်းလျှောက်လာသည့် လူငယ်တစ်ဦးအား စစ်ဆေးရန် ရပ်တန့်ခိုင်းသည့် လူငယ်မှာ ထွက်ပြေးရန်ကြိုးစား၍ ရဲတပ်ဖွဲ့က လုံးထွေးဖမ်းဆီးရာက စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်အချိန်က ဝမ်မိုင်ရွာအနောက်ဘက်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာမှ မြို့ပတ်လမ်းဘက်သို့ လမ်းလျှောက်လာသည့် နန္ဒဆိုသူအား ရပ်တန့် ရှာဖွေစစ်ဆေးရာက မူးယစ်ဆေးဝါးဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မြို့ပတ်လမ်းဘက်သို့ လမ်းလျှောက်လာသည့် နန္ဒဆိုသူအား ပူးပေါင်းအဖွဲ့က ရပ်တန့်ခိုင်းစဉ် ထွက်ပြေးရန် ကြိုးစားသည့်အတွက် လုံးထွေးဖမ်းဆီးခဲ့ရပြီး ၎င်းထံရှာဖွေရာက စိတ်ကြွရူးသွပ်ဆေးပြား (၄,၀၀၀)ပြားကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် နန္ဒဆိုသူအား တာချီလိတ်မြို့မှ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~