မိုင်းယောင်းမြို့တွင် ယာဉ်မတော်တဆမှု လျော့နည်းရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေး

မိုင်းယောင်းမြို့တွင် ယာဉ်မတော်တဆမှု လျော့နည်းရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေး
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency

မိုင်းယောင်းမြို့တွင် ယာဉ်မတော်တဆမှု လျော့နည်းရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ယာဉ်မတော်တဆမှု လျော့နည်းရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးမှုအဖြစ် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး နှင့် တာဝန်ရှိတို့က ယာဉ်များကို စည်းကမ်းနှင့်အညီ မောင်းနှင်ကြရန်၊ ဆိုင်ကယ်ကို သုံးယောက် မစီးရန်၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန် နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စည်းကမ်းချက်များကို အသေးစိတ် ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး(Road Safety)နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်သည် တာချီလိတ်ခရိုင်အတွင်းတွင် ပါဝင်ပြီး တရုတ်နယ်စပ်ဖြစ်သည့် မိုင်းယုမြို့နှင့်လည်း နီးစပ်သည့် မြို့နယ်ဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - စိုင်းအောင်ဇော်လင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~