တာခ်ီလိတ္မွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂) မွ ျဖတ္သန္းသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ထုိင္းဘက္တြင္ X –Ray စက္ျဖင့္ စစ္ေဆး

တာခ်ီလိတ္မွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂) မွ ျဖတ္သန္းသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ထုိင္းဘက္တြင္ X –Ray စက္ျဖင့္ စစ္ေဆး
စက်တင်ဘာ 11, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၂) မွ ျမန္မာႏွင့္ ထုိင္း ေက်ာင္းႀကိဳပို႔ယာဥ္မ်ား ေန႔စဥ္ အႀကိမ္ေရ (၆၀) ဝန္းက်င္ ျဖတ္သန္းသြားလာေနၿပီး အဆိုပါယာဥ္မ်ားကို ျမန္မာဘက္ျခမ္းတြင္ လူျဖင့္စစ္ေဆးေနေသာ္လည္း မယ္ဆုိင္ဘက္ျခမ္းတြင္ X – Ray စက္ျဖင့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ ေက်ာင္းႀကိဳပို႔ယာဥ္နဲ႔ ေက်ာင္းႀကိဳပို႔လုပ္တဲ့ အိမ္စီးယာဥ္ေလးေတြက တံတား (၂)ရဲ႕ custom နဲ႔ လဝကကို စာရင္းေပးရတာ။ အဲဒီမွာ ျဖည့္ရမယ့္ Form ေလးေတြ ေပးထားတယ္။ အဲဒီဇယားေလးအတုိင္းျဖည့္ၿပီး ျဖတ္သြားရံုပဲ။ ပ်မ္းမွ်အားျဖင့္ တစ္ေန႔ကို အေခါက္ေရ (၆၀) ေလာက္ျဖတ္သန္းၾကတယ္။ ထုိင္းကားေရာ ျမန္မာကားေရာ အဝင္အထြက္ အေခါက္ေရေပါ့ေနာ္။ ေလ်ာ့လည္း တစ္စီး၊ ႏွစ္စီးပဲေလ်ာ့တယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ (၁၀)ရက္ေန႔တြင္ ေျပာသည္။

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၁)မွသာ လူအဝင္အထြက္ႏွင့္ ေမာ္ေတာ္ယာဥ္မ်ားျဖတ္သန္းခြင့္ျပဳေနရာမွ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖေလွ်ာ့ႏုိင္ရန္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ ထိုင္းနိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ၾကား ကုန္စည္စီးဆင္းမႈ အတြက္သာ အသံုးျပဳသည့္ ခ်စ္ၾကည္ေရး တံတား အမွတ္(၂)မွ ေက်ာင္းႀကိဳ/ပို႔ ယာဥ္မ်ားႏွင့္ လူနာတင္ယာဥ္မ်ားကို ပထမအဆင့္အေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၉)ရက္ေန႔မွစ၍ ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္ျဖင့္ ျဖတ္သန္းခြင့္ျပဳလုိက္ျခင္း ျဖစ္သည္။

တာခ်ီလိတ္ႏွင့္ မယ္ဆုိင္ကို ဆက္သြယ္ထားသည့္ ခ်စ္ၾကည္ေရးတံတား (၁)ႏွင့္ (၂)မွ ျဖတ္သန္းသြားသည့္ ေမာ္ေတာ္ယာဥ္မ်ား၊ ပစၥည္းမ်ားကို ထုိင္းနုိင္ငံဘက္ျခမ္းရိွ စစ္ေဆးေရးဂိတ္မ်ားတြင္ X – Ray စက္မ်ားျဖင့္ ရွာေဖြနုိင္ေသာ္လည္း တံတား(၂)ခုလံုးရိွ ျမန္မာဘက္ျခမ္းတြင္ စက္ျဖင့္ရွာေဖြႏုိင္ျခင္းမရိွေသးသျဖင့္ တံတားမွျဖတ္သန္းသယ္ေဆာင္သည့္ မူးယစ္ေဆးမ်ားကို ထုိင္းဘက္ျခမ္းတြင္သာ ဖမ္းမိေလ့ရိွသည္ကို ေတြ႔ရသည္။

ထုိင္းႏိုင္ငံတြင္းသို႔ နယ္စပ္ဂိတ္မ်ားမွ မူးယစ္ေဆးဝင္ေရာက္မႈ ေလ်ာ့က်ေစေရးအတြက္ နယ္စပ္ စစ္ေဆးေရး ဂိတ္မ်ားတြင္ ဝင္ထြက္သြားလာသည့္ လူႏွင့္ ေမာ္ေတာ္ယာဥ္မ်ားအား X – Ray စက္မ်ားျဖင့္ ၾကပ္မတ္စစ္ေဆးရန္ ထိုင္းအစိုးရက သက္ဆုိင္ရာဌာနမ်ားအား ညႊန္ၾကားထားေၾကာင္း ထုိင္းရတ္သတင္းတြင္ ေဖၚျပထားသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မှ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) မှ ဖြတ်သန်းသည့် မော်တော်ယာဉ်များအား ထိုင်းဘက်တွင် X –Ray စက်ဖြင့် စစ်ဆေး
**********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှ မြန်မာနှင့် ထိုင်း ကျောင်းကြိုပို့ယာဉ်များ နေ့စဉ် အကြိမ်ရေ (၆၀) ဝန်းကျင် ဖြတ်သန်းသွားလာနေပြီး အဆိုပါယာဉ်များကို မြန်မာဘက်ခြမ်းတွင် လူဖြင့်စစ်ဆေးနေသော်လည်း မယ်ဆိုင်ဘက်ခြမ်းတွင် X – Ray စက်ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ ကျောင်းကြိုပို့ယာဉ်နဲ့ ကျောင်းကြိုပို့လုပ်တဲ့ အိမ်စီးယာဉ်လေးတွေက တံတား (၂)ရဲ့ custom နဲ့ လဝကကို စာရင်းပေးရတာ။ အဲဒီမှာ ဖြည့်ရမယ့် Form လေးတွေ ပေးထားတယ်။ အဲဒီဇယားလေးအတိုင်းဖြည့်ပြီး ဖြတ်သွားရုံပဲ။ ပျမ်းမျှအားဖြင့် တစ်နေ့ကို အခေါက်ရေ (၆၀) လောက်ဖြတ်သန်းကြတယ်။ ထိုင်းကားရော မြန်မာကားရော အဝင်အထွက် အခေါက်ရေပေါ့နော်။ လျော့လည်း တစ်စီး၊ နှစ်စီးပဲလျော့တယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)မှသာ လူအဝင်အထွက်နှင့် မော်တော်ယာဉ်များဖြတ်သန်းခွင့်ပြုနေရာမှ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့နိုင်ရန် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကြား ကုန်စည်စီးဆင်းမှု အတွက်သာ အသုံးပြုသည့် ချစ်ကြည်ရေး တံတား အမှတ်(၂)မှ ကျောင်းကြို/ပို့ ယာဉ်များနှင့် လူနာတင်ယာဉ်များကို ပထမအဆင့်အနေဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့မှစ၍ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဖြတ်သန်းခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

တာချီလိတ်နှင့် မယ်ဆိုင်ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတား (၁)နှင့် (၂)မှ ဖြတ်သန်းသွားသည့် မော်တော်ယာဉ်များ၊ ပစ္စည်းများကို ထိုင်းနိုင်ငံဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်များတွင် X – Ray စက်များဖြင့် ရှာဖွေနိုင်သော်လည်း တံတား(၂)ခုလုံးရှိ မြန်မာဘက်ခြမ်းတွင် စက်ဖြင့်ရှာဖွေနိုင်ခြင်းမရှိသေးသဖြင့် တံတားမှဖြတ်သန်းသယ်ဆောင်သည့် မူးယစ်ဆေးများကို ထိုင်းဘက်ခြမ်းတွင်သာ ဖမ်းမိလေ့ရှိသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်ဂိတ်များမှ မူးယစ်ဆေးဝင်ရောက်မှု လျော့ကျစေရေးအတွက် နယ်စပ် စစ်ဆေးရေး ဂိတ်များတွင် ဝင်ထွက်သွားလာသည့် လူနှင့် မော်တော်ယာဉ်များအား X – Ray စက်များဖြင့် ကြပ်မတ်စစ်ဆေးရန် ထိုင်းအစိုးရက သက်ဆိုင်ရာဌာနများအား ညွှန်ကြားထားကြောင်း ထိုင်းရတ်သတင်းတွင် ဖေါ်ပြထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net