တာခ်ီလိတ္တြင္ ကုလလမ္းအႏၱရာယ္ကင္းရွင္းေရးရက္သတၱပတ္လႈပ္ရွားမႈ တတိယေန႔အျဖစ္ ေလယာဥ္ကြင္းလမ္းဆံုတြင္ ျပဳလုပ္

တာခ်ီလိတ္တြင္ ကုလလမ္းအႏၱရာယ္ကင္းရွင္းေရးရက္သတၱပတ္လႈပ္ရွားမႈ တတိယေန႔အျဖစ္ ေလယာဥ္ကြင္းလမ္းဆံုတြင္ ျပဳလုပ္
မေ 13, 2019
By Tachileik News Agency

ကမၻာတစ္လႊားတြင္ လမ္းအႏၱရာယ္ေၾကာင့္ အသက္ေသဆံုးရမႈမ်ား ေလွ်ာ့ခ်ေရးအတြက္ လႈပ္ရွားမႈျဖစ္သည့္ ကုလသမဂၢ လမ္းအႏၱရာယ္ကင္းရွင္းေရးရက္သတၱပတ္လႈပ္ရွားးမႈ တတိယေန႔အျဖစ္ တာခ်ီလိတ္ၿမိဳ႕ ေလယာဥ္ကြင္းလမ္းဆံုတြင္ ၂၀၁၉ ခုႏွစ္ ေမလ (၁၃) ရက္ေန႔ မနက္ပိုင္းက လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

"အဓိက ကေတာ့ ဦးထုပ္ေ၀တယ္၊ ေရာင္ျပန္အက်ႌရယ္၊ ကားမွာကပ္တဲ့စတစ္ကာရယ္၊ ဆိုင္ကယ္မွာကပ္တဲ့ စတစ္ကာရယ္၊ ဦးထုပ္မွာကပ္တဲ့ စတစ္ကာရယ္ေပါ့။ အဲဒါေတြ ေ၀တာေပါ့။ တကယ္လို႔ ညအခ်ိန္ ယာဥ္အႏၱရာယ္ကင္းရွင္းဖို႔အတြက္ ဒီအက်ႌ၀တ္ထားရင္ မီးထိုးလို႔ရိွရင္ ျမင္ရတာေပါ့။ အႏၱရာယ္ကင္းဖို႔အတြက္ေပါ့။ အေ၀းကျမင္ႏိုင္တာေပါ့။ လြယ္အိတ္ေလးေတြလည္း လက္ေဆာင္ေပးတာေပါ့။ ယာဥ္ထိန္းရယ္၊ ကညနရယ္၊ ၾကက္ေျခနီရယ္၊ ေလယာဥ္ဆီေရာင္း၀ယ္တဲ့ PUMA ကုမၸဏီေပါ့။ အဓိကသူတို႔ပံ့ပိုးတာ"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ  စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ကုလလမ္း အႏၱရာယ္ကင္းရွင္းေရး ရက္သတၱပတ္လႈပ္ရွားမႈအျဖစ္ ေမလ (၁၁) ရက္ေန႔မနက္ပိုင္းတြင္ အမွတ္ (၁) ခ်စ္ၾကည္ေရးတံတားအ၀ိုင္းပတ္တြင္ ကန္ပိမ္းျပဳလုပ္ခဲ့ၿပီး ညပိုင္းတြင္ ရန္ေအာင္ေျမရပ္ကြက္ရံုးတြင္ အသိပညာေပးေဟာေျပာပြဲျပဳလုပ္ခဲ့ေၾကာင္းႏွင့္ ေမလ (၁၂) ရက္ေန႔ မနက္ပိုင္းတြင္ ကားေလးကြင္းတြင္ ကန္ပိန္းျပဳလုပ္ခဲ့ၿပီး ညပိုင္းတြင္ ဆန္ဆိုင္းခရစ္ယာန္ဘုရားေက်ာင္း၌ အသိပညာေပးေဟာေျပာပြဲျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

ေမလ (၁၃) ရက္ေန႔မနက္ပိုင္းတြင္ ေလယာဥ္ကြင္းလမ္းဆံုတြင္ ကတ္ပိန္းျပဳလုပ္ခဲ့ၿပီး ညပိုင္းတြင္ ၀မ္ေကာင္းရပ္ကြက္ ဓမၼာရံုတြင္ အသိပညာေပးေဟာေျပာပြဲ ျပဳလုပ္မည္ျဖစ္ေၾကာင္းႏွင့္ ေမလ (၁၄) ရက္ေန႔ နံနက္ပိုင္းတြင္ ရွမ္းရိုးမကြင္းအတြင္း ကန္ပိန္းျပဳလုပ္မည္ျဖစ္ၿပီး ညပိုင္းတြင္ ေရႊတာခ်ီခရီးသြားလုပ္ငန္း(ဆိုင္ကယ္ Taxi)ရံုးခန္း၌  အသိပညာေပးေဟာေျပာပြဲျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ေမလ (၁၅) ရက္ေန႔ နံနက္ပိုင္းတြင္ မိုင္းဖုန္း(က)ေက်းရြာရိွ ဖက္ဟိဘုန္းႀကီးေက်ာင္းတြင္ အသိပညာေပးေဟာေျပာပြဲက်င္းပမည္ျဖစ္ၿပီး ညပိုင္းတြင္ ေဟာင္လိတ္လမ္းဆံု မီးပြိဳင့္၌ ကန္ပိန္းျပဳလုပ္မည္ျဖစ္ေၾကာင္းႏွင့္ ေမလ (၁၆) ရက္ေန႔ နံနက္ပိုင္းတြင္ လြယ္ေတာ္ခမ္းေက်းရြာတြင္ ကန္ပိန္းျပဳလုပ္မည္ျဖစ္ၿပီး လြယ္ေတာ္ခမ္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုးခန္း၌ အသိပညာေပးေဟာေျပာပြဲ ျပဳလုပ္မည္ျဖစ္ေၾကာင္းအျပင္ ေမခ (၁၇) ရက္ေန႔တြင္ တာခ်ီလိတ္ယာဥ္ထိန္းရံုးခန္းေရွ႕တြင္ ကန္ပိန္းျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကမ္ဘာတစ်လွှားတွင် လမ်းအန္တရာယ်ကြောင့် အသက်သေဆုံးရမှုများ လျှော့ချရေးအတွက် လှုပ်ရှားမှုဖြစ်သည့် ကုလသမဂ္ဂ လမ်းအန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ်လှုပ်ရှားမှု တတိယနေ့အဖြစ် တာချီလိတ်မြို့ လေယာဉ်ကွင်းလမ်းဆုံတွင် ၂၀၁၉ ခုနှစ် မေလ (၁၃) ရက်နေ့ မနက်ပိုင်းက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"အဓိက ကတော့ ဦးထုပေ်ဝတယ်၊ ရောင်ပြန်အင်္ကျီရယ်၊ ကားမှာကပ်တဲ့စတစ်ကာရယ်၊ ဆိုင်ကယ်မှာကပ်တဲ့ စတစ်ကာရယ်၊ ဦးထုပ်မှာကပ်တဲ့ စတစ်ကာရယ်ပေါ့။ အဲဒါတွေဝတာပေါ့။ တကယ်လို့ ညအချိန် ယာဉ်အန္တရာယ်ကင်းရှင်းဖို့အတွက် ဒီအင်္ကျီဝတ်ထားရင် မီးထိုးလို့ရှိရင် မြင်ရတာပေါ့။ အန္တရာယ်ကင်းဖို့အတွက်ပေါ့။ အေဝးကမြင်နိုင်တာပေါ့။ လွယ်အိတ်လေးတွေလည်း လက်ဆောင်ပေးတာပေါ့။ ယာဉ်ထိန်းရယ်၊ ကညနရယ်၊ ကြက်ခြေနီရယ်၊ လေယာဉ်ဆီရောင်းဝယ်တဲ့ PUMA ကုမ္ပဏီပေါ့။ အဓိကသူတို့ပံ့ပိုးတာ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကုလလမ်း အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မေလ (၁၁) ရက်နေ့မနက်ပိုင်းတွင် အမှတ် (၁) ချစ်ကြည်ရေးတံတားအဝိုင်းပတ်တွင် ကန်ပိမ်းပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ရန်အောင်မြေရပ်ကွက်ရုံးတွင် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းနှင့် မေလ (၁၂) ရက်နေ့ မနက်ပိုင်းတွင် ကားလေးကွင်းတွင် ကန်ပိန်းပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ဆန်ဆိုင်းခရစ်ယာန်ဘုရားကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

မေလ (၁၃) ရက်နေ့မနက်ပိုင်းတွင် လေယာဉ်ကွင်းလမ်းဆုံတွင် ကတ်ပိန်းပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ဝမ်ကောင်းရပ်ကွက် ဓမ္မာရုံတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် မေလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းရိုးမကွင်းအတွင်း ကန်ပိန်းပြုလုပ်မည်ဖြစ်ပြီး ညပိုင်းတွင် ရွှေတာချီခရီးသွားလုပ်ငန်း(ဆိုင်ကယ် Taxi)ရုံးခန်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မေလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဖုန်း(က)ကျေးရွာရှိ ဖက်ဟိဘုန်းကြီးကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပမည်ဖြစ်ပြီး ညပိုင်းတွင် ဟောင်လိတ်လမ်းဆုံ မီးပွိုင့်၌ ကန်ပိန်းပြုလုပ်မည်ဖြစ်ကြောင်းနှင့် မေလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် လွယ်တော်ခမ်းကျေးရွာတွင် ကန်ပိန်းပြုလုပ်မည်ဖြစ်ပြီး လွယ်တော်ခမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်းအပြင် မေခ (၁၇) ရက်နေ့တွင် တာချီလိတ်ယာဉ်ထိန်းရုံးခန်းရှေ့တွင် ကန်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net