မြဝတီနယ်စပ်မှ ကိုယ်ပိုင်ဆိုင်ကယ်များဖြင့် ဝင်ရောက်လည်ပတ်သည့် ကမ္ဘာလှည့် ၁၂ ဦး တာချီလိတ်သို့ ရောက်ရှိ

မြဝတီနယ်စပ်မှ ကိုယ်ပိုင်ဆိုင်ကယ်များဖြင့် ဝင်ရောက်လည်ပတ်သည့် ကမ္ဘာလှည့် ၁၂ ဦး တာချီလိတ်သို့ ရောက်ရှိ
ဖေဖော်ဝါရီ 2, 2020
By 🌸

မြဝတီနယ်စပ်မှ ကိုယ်ပိုင်ဆိုင်ကယ်များဖြင့် ဝင်ရောက်လည်ပတ်သည့် ကမ္ဘာလှည့် ၁၂ ဦး တာချီလိတ်သို့ ရောက်ရှိ

မြဝတီနယ်စပ်မှနေ၍ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၁၀)စီးဖြင့် မြန်မာနိုင်ငံတွင်း ဝင်ရောက်လည်ပတ်သည့် ဒိန်းမတ်နိုင်ငံသားနှင့် ထိုင်းနိုင်ငံသား စုစုပေါင်း ကမ္ဘာလှည့်ခရီးသွား (၁၂)ဦးအဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိသည်။

အဆိုပါ ခရီးသွားအဖွဲ့သည် မြန်မာနိုင်ငံတွင်းသို့ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှနေ၍ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ဝင်ရောက်လာခြင်းဖြစ်ပြီး မြဝတီ - ဘားအံ - ကျိုက်ထို - တောင်ငူ - ညောင်ဦး - မန္တလေး - ညောင်ရွှေ - နမ့်စန် - ကျိုင်းတုံ - တာချီလိတ် လမ်းကြောင်းအတိုင်း လည်ပတ်ပြီး ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁)တံတားမှနေ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်သို့ ထွက်ခွာမည်ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ဆောင်ချက်အဖြစ် ကမ္ဘာလှည့်ခရီးသွားအဖွဲ့များကို ကိုယ်ပိုင် မော်တော်ယာဉ်၊ ကိုယ်ပိုင် ဆိုင်ကယ်များဖြင့် မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ဝင်ရောက်လည်ပတ်ခွင့်ပြုထားခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~