ရွှေတြိဂံဇုန်ဟိုတယ်အသင်းသို့ မိုင်းလားမှ ဟိုတယ်လုပ်ငန်းရှင်များ ပါဝင်လာနိုင်

ရွှေတြိဂံဇုန်ဟိုတယ်အသင်းသို့ မိုင်းလားမှ ဟိုတယ်လုပ်ငန်းရှင်များ ပါဝင်လာနိုင်
ဖေဖော်ဝါရီ 9, 2020
By Tachileik News Agency
ရွှေတြိဂံဇုန်ဟိုတယ်အသင်းသို့ မိုင်းလားမှ ဟိုတယ်လုပ်ငန်းရှင်များ ပါဝင်လာနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဟိုတယ်၊ မိုတယ်နှင့် တည်ခိုးခန်းလုပ်ငန်းရှင်များပါဝင်သည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)တွင် မိုင်းလားမှ ဟိုတယ်လုပ်ငန်းရှင်များ ပါဝင်လာနိုင်ကြောင်း သိရသည်။

"နောင်မှာ မိုင်းလားက ရွှေတြိဂံဇုန်ထဲမှာ ပါလာဖို့ အနေအထား အများကြီးရှိပါတယ်။ အကြမ်းဖျင်းပဲသိသေးတာပေါ့။ ဘယ်လိုပုံစံနဲ့ ပါဝင်လာမလည်းဆိုတာတော့ အမှုဆောင်ရွေးချယ်ပြီးမှပဲ အတိအကျပြောလို့ရမယ်"

ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ ဒုတိယဥက္ကဌ ဦးအာကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)တွင် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းဖြတ်မြို့များမှ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပိုင်ရှင်များနှင့် ဝန်ထမ်းများပါဝင်ပြီး မိုင်းလားဒေသမှ ဟိုတယ်လုပ်ငန်းရှင်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် (၃)နှစ် သက်တမ်း ပြည့်တော့မည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)အား ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် အလုပ်အမှုဆောင်သစ်အား ကျိုင်းတုံမြို့၌ ရွေးချယ်ပွဲ ကျင်းပမည်ဖြစ်ပြီး တာချီလိတ်က မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ ဥက္ကဌအဖြစ် ဟိုတယ်တာချီလိတ်ပိုင်ရှင် ဦးထွန်းနေဦး၊ ဒုတိယဥက္ကဌအဖြစ် 1G1 7 နှင့် 1G1 8 ဟိုတယ်ပိုင်ရှင် ဦးအောင်နိုင်၊ စာရင်းကိုင်အဖြစ် ဇန်းမွန်အခါဟိုတယ်မှ ဒေါ်အားနာ၊ လက်ထောက်စာရင်းကိုင်အဖြစ် ဟိုတယ်တာချီလိတ်မှ ဒေါ်ရွှေဇင်ခက်၊ စာရင်းစစ်အဖြစ် Golden Lucky Motel မန်နေဂျာ ဒေါ်မွန်မွန်ဦးတို့ပါဝင်ပြီး အလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် မဲခေါင်မြစ်ဟိုတယ်၊ ရွှေဘူးသီးဟိုတယ်၊ J My King Hotel၊ Platinum Star Hotel၊ Phalan ၊ San Sai Hotel ၊ Golden Family Hotel၊ ရွှေရည်မြင့်မို  မိုတယ်၊ ကျင်းလုံဟိုတယ်၊ ငြိမ်းချမ်း ဟိုတယ်နှင့် အလူရာ ဟိုတယ် အပါအဝင် စာရင်းသွင်းထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~